Connect with us

North America

အမေရိကန်နိုင်ငံတွင် ရေယာဉ်ပျံနှစ်စီး ပျက်ကျမှုဖြစ်ပွား ၊ လူ ၆ ဦး ပျောက်ဆုံးပြီး ၁၀ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၏ မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မေ ၁၄ ရက်(ဆင်ဟွာ)

လူ ၁၁ ဦး နှင့် ၅ ဦး တင်ဆောင်လာသည့် ရေယာဉ်ပျံ ၂ စီးသည် မေ ၁၃ ရက်က အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Ketchikan အနီးရှိ Georgeမြစ်လက်တက်ဒေသ တွင် ပျက်ကျခဲ့ရာ လူ ၆ ဦးပျောက်ဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်းများအရ သိရသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် ၁ ဦးမှာ စိုးရိမ်ရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ပျောက်ဆုံးသူများကို ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေလျက်ရှိကြောင်း သိရသည်။

Georgeမြစ်လက်တက်ဒေသ ကမ်းစပ်အနီး ရေပြင်တွင် မေ ၁၃ ရက် ညနေပိုင်းက ရေယာဉ်ပျံ နှစ်စီး ပျက်ကျခဲ့ ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိ Jon-Paul Rios က ဆိုသည်။ လက်ရှိ အချင်းဖြစ်ပွားသည့် အကြောင်းရင်းကို အတိအကျမသိရှိရသေးကြောင်း သိရသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှာ အလက်စကာပြည်နယ်၌ လေယာဉ်အငှားဝန်ဆောင်မှုပေးရာတွင် အသုံးများသော လေယာဉ်အမျိုးအစား ဖြစ်ကြောင်း ၊ ယခုမှာ Ketchikan ဒေသ၏ လေယာဉ်ခရီးသွားရှုစားသည့် ရာသီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.