Connect with us

World

ဗီယက်နမ် နိုင်ငံ၏ သစ် ၊ ပရိဘောဂ ပြည်ပ တင်ပို့မှု ၄ လ အတွင်း ၁၇.၈ ရာခိုင်နှုန်း မြင့်တက်

ဗီယက်နမ် နိုင်ငံ၌ ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံသည် ယခုနှစ် ပထမ လေးလ အတွင်း သစ် နှင့် သစ်သားဖြင့် ပြုလုပ်သော ပရိဘောဂ ပစ္စည်းများ ပြည်ပ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃.၁ ဘီလီလံကျော် ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၇.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် သစ် နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်မှု အသင်းမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် သစ် နှင့် ပရိဘောဂ ပြည်ပ တင်ပို့မှုမှ ဗီယက်နမ် နိုင်ငံသည် အမေရိကန် ဒေါ်လာ သန်း ၈၅၀ အထိ ရရှိခဲ့ကြောင်း ၊ ၂၂.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန် ၊ ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယား နှင့် ဥရောပ နိုင်ငံ များသို့ အဓိက တင်ပို့ခဲ့ကြောင်း သိရသည်။ဗီယက်နမ် နိုင်ငံ သစ် နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်မှု အသင်းက ကမ္ဘာလုံး ဆိုင်ရာ ဝယ်လိုအား နှင့် ပြည်ပ ပို့ကုန် ပမာဏ တန်ဖိုးသည် ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက မြင့်တက် လာခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ပြည်ပ ပို့ကုန် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၈.၉ ဘီလီယံ နီးပါး ရှိခဲ့ရာ ၂၀၁၇ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ် နိုင်ငံတွင် လက်ရှိတွင် သစ်လုပ်ငန်းပေါင်း ၄,၇၀၀ ခန့်ရှိနေပြီး အဓိကအားဖြင့် နိုင်ငံ တောင်ပိုင်း ဒေသတွင် တည်ရှိကြောင်း ၊ အဆိုပါ သစ်လုပ်ငန်းများ အနက် ၁,၉၀၀ နီးပါးမှာ ပြည်ပ တင်ပို့မှု အတွက် အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117