အစ္စလာမ်မာဘတ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန် ကောင်စစ်ဝန်ရုံးမှ သံအရာရှိ နှစ်ဦးမှာ ဇွန်လ ၁၆ ရက်ကတည်းက ပျောက်ဆုံးနေကြောင်း ပါကစ္စတန်ဘက်က ယနေ့ (ဇွန် ၁၈ ရက်) ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
ဂါဒက်စ်၊ အာဖဂန်နစ္စတန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇက်စ်မြို့ရှိ ရဲဋ္ဌာနချုပ် အဆောက်အအုံများ၌ တာလီဘန်များက ယနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရဲအရာရှိ သုံးဦးနှင့် စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဘွန်ဂိုတာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ ရှော့ပင်းမောလ် တစ်ခုတွင် ဇွန်လ ၁၇ ရက်က ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး အခြားလူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ ဖော်ပြချက်အရ သိရသည်။
လန်ဒန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Grenfell တာဝါမီးလောင်မှုတွင် ပျောက်ဆုံးနေသူ စုစုပေါင်း ၅၈ ဦးရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့မှူးက ဇွန်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
တိုကျို ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်ရေတပ် ဒုံးကျည်ဖျက်သင်္ဘော USS Fitzgerald နှင့် ဖိလစ်ပိုင် ကုန်တင်သင်္ဘောတို့တိုက်မိမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးလျက်ရှိသော သင်္ဘောသားရုပ်အလောင်း ၇ လောင်းစလုံးကို ဇွန်လ ၁၈ ရက် နံနက်အစောပိုင်းတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းမီဒီယာများက ဆိုသည်။
ရီယိုက်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဆောဒီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ၎င်းတို့၏ မြေပေါ်တွင် တူရကီ စစ် အခြေစိုက်စခန်း တည်ဆောက်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဇွန်လ ၁၇ ရက်က ပြောကြားလိုက်သည်။
ဂျယ်ဂျူးကျွန်း၊ တောင်ကိုရီးယား၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တည်ထောင်ထားသော အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ဇွန်လ ၁၆ ရက်တွင် ဒုတိယအကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး၌ အာဂျင်တီးနား၊ မက်ဒါဂတ်စကာနှင့် တွန်ဂါ နိုင်ငံများအား အဖွဲ့ဝင်အဖြစ် ခွင့်ပြုလိုက်ကြောင်း...
ဂျေရုဆလင် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့ဟောင်း တွင် ဇွန်လ ၁၆ ရက်နေ့ ညပိုင်း က တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး...
တိုကျို ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ ရေတပ် အမှတ်(၇) ရေယာဉ်စု မှ Fitzgerald ဖျက်သင်္ဘော သည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဂျပန်...
ဘာလင် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Helmut Kohl သည် ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဝန်ကြီးချုပ်ဟောင်း သည် အသက် ၈၇ နှစ် ရှိခဲ့ကြောင်း...