Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၅၀၀ ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာနိုင်ငံရှိ လွတ်မြောက်လာသည့် အကျဉ်းသားတချို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကိုလံဘို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ၏ ၇၁ နှစ်မြောက် အမျိုးသားနေ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၀၀ ကျော်အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြစ်မှုငယ်များဖြင့် အလုပ် နှင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၅၄၅ ဦးကို ထောင်ကျနေစဉ်ကာလအတွင်း ၎င်းတို့၏ အပြုအမူပေါ်အခြေခံ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း အကျဉ်းဦးစီးဌာန ၏ ကော်မရှင်မင်းကြီး H.M.T.N. Upuldeniya ကဆိုသည်။

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ၊ကိုလံဘိုမြို့ နှင့် North Central ပြည်နယ်ရှိ အနုရာဒါပူရမြို့ ရှိ အကျဉ်းထောင်များအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၎င်းကဆိုသည်။

သီရိလင်္ကာနိုင်ငံ၏ ၇၁ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို ကိုလံဘိုမြို့တော်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ရာပေါင်းများစွာသော စစ်သားများပါဝင်သည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.