Connect with us

Africa & Middle East

ဂါဇာဒေသတစ်လျှောက် တံတိုင်းတည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းရန် ဝန်လေးမည်မဟုတ်ဟု အစ္စရေး ပြော

အစ္စရေးဝန်ကြီး နက်တန်ယာဟု (Netanyahu)အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

ဂါဇာဒေသတစ်လျှောက် ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်နေပါက အစ္စရေးအနေဖြင့် ပြတ်ပြတ်သားသား အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟု (Netanyahu) က ဖေဖော်ဝါရီ ၃ ရက် အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် သတိပေးပြောကြားလိုက် သည်။

ဂါဇာဒေသမှ အကြမ်းဖက်များ အစ္စရေးနယ်နိမိတ်အတွင်း ဝင်ရောက်လာမှုကိုကာကွယ်ရန် အစ္စရေး အနေဖြင့် ဂါဇာနယ်စပ်ဒေသတစ်လျှောက်တွင် အကာအကွယ်တံတိုင်းနံရံများ စတင်ပြင်ဆင် ဆောက်လုပ်နေ ပြီဖြစ်ကြောင်း Netanyahuက ဆိုသည်။

အစ္စရေးအနေဖြင့် ဂါဇာဒေသတစ်လျှောက် ခေတ်မီ sensorပစ္စည်းနှင့် စောင့်ကြည့်ထိန်းချုပ်ရေး စက်ပစ္စည်းများ တပ်ဆင်ထားသည့် အကာအကွယ်တံတိုင်းနံရံများကို စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက် ကြေညာချက်တွင် ဖော်ပြထား သည်။

အဆိုပါတံတိုင်းမှာ Zikim ကမ်းခြေအနီးမှ တောင်ပိုင်း kerem shalom ဂိတ်အထိ ဆောက်လုပ်မည် ဖြစ်ရာ စုစုပေါင်း ၆၈ ကီလိုမီတာ ရှည်လျားပြီး တံတိုင်းအမြင့် ၆ မီတာ ရှိမည်ဖြစ်ကြောင်းသိရသည်။ ဇင့်သံမဏိများဖြင့်ဆောက်လုပ်မည်ဖြစ်ရာ စုစုပေါင်းအလေးချိန် တန်ချိန် ၂ သောင်းခန့်ရှိမည်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလတွင် အစ္စရေး ကာကွယ်ရေးတပ်က Zikimကမ်းခြေ အနီးတွင် အရှည် ၂၀၀ မီတာခန့်ရှိသော ပင်လယ်တံတိုင်းနံရံကို အခြေခံဆောက်လုပ်ပြီးဖြစ်ကြောင်း ၊ ယခုကုန်းမြေတွင် စတင်တည်ဆောက်နေသည့်တံတိုင်းမှာ ယခင်ပင်လယ်တံတိုင်းနှင့်ဆက်စပ်ဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သောနှစ် မတ်လ ၃၀ ရက်မှစ၍ ပါလက်စတိုင်းတို့သည် ဂါဇာနယ်စပ်ဒေသတစ်လျှောက်တွင် နယ်မြေပြန်လည်ရရှိရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ပါလက်စတိုင်းနှင့်အစ္စရေးတို့အကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အခြေအနေများ တင်းမာလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.