Connect with us

North America

ကယ်လီဖိုးနီးယားတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျရာ လူ ၂ဦးသေဆုံး

ကယ်လီဖိုးနီးယားတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ နေအိမ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orange စီရင်စု တွင် ဖေဖော်ဝါရီ ၃ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ဆေးရုံတင်ထားရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

Orange စီရင်စုမီးသတ်ဌာန၏ ပြောကြားချက်အရ Yorba Linda မြို့ အနီး ရှိ မိသားစုတစ်စု နေထိုင်ရာ အိမ်တစ်လုံးပေါ်သို့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

Cessna 414A အမျိုးအစား လေယာဉ်ငယ်သည် Fullerton Municipal လေဆိပ်မှ ထွက်ခွာလာစဉ် အကြောင်းရင်းတစ်ခုခုကြောင့် ပျက်ကျခဲ့ပြီး နေအိမ်များစွာ မီးလောင်ကျွမ်းစေခဲ့ကြောင်း ပြည်တွင်းသတင်းဌာန KTLA TV ကဖော်ပြခဲ့သည်။

သို့သော် Orange စီရင်စုမီးသတ်ဌာန က အဆိုပါဖြစ်ရပ်တွင် အဆောက်အအုံတစ်လုံးသာ မီးဒဏ်သင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာကို ရိုက်ကူးထားသော ဗွီဒီယိုဖိုင်၌ အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းနေပြီး လေယာဉ်ငယ်၏ အပျက်အစီးအပိုင်းအစများ လမ်းမပေါ်၌ ပြန့်ကျဲမီးလောင်နေသည်ကို တွေ့ရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.