Connect with us

Africa & Middle East

ဆီးရီးယားတိုက်လေယာဉ်အား အစ္စရေးပစ်ချ၍ လေယာဉ်မှူးသေဆုံး

အစ္စရေးနိုင်ငံ နယ်စပ်အနီး၌ ဆီးရီးယားတိုက်ဂျက်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အစ္စရေးသည် ဇူလိုင်၂၄ ရက်တွင် ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ လေယာဉ်မှူးတစ်ဦး သေဆုံးကာ အခြားလေယာဉ်မှူးတစ်ဦး ပျောက်ဆုံးနေကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့သည်။

အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်များက ဆီးရီးယားနိုင်ငံတောင်ပိုင်း ရှိ သူပုန်များ၏ တည်နေရာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် ဆီးရီးယားတိုက်လေယာဉ်ကို ဦးတည်၍ ဒုံးကျည်၂စင်းပစ်လွှတ်ခဲ့ပြီး ပျက်စီးခဲ့ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ဒုတိယမြောက် လေယာဉ်မှူးအား ရှာဖွေနေဆဲဖြစ်ကြောင်း လန်ဒန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါနေ့အစောပိုင်းတွင် အစ္စရေးစစ်တပ်က ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်များ သည် Golan Heights ဒေသအတွင်းသို့ ဝင်ရောက်လာသော ဆီးရီးယား Sukhoi လေယာဉ်အား ကြားဖြတ်ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက အစ္စရေးနိုင်ငံ မြောက်ပိုင်း သို့ ၂ကီလိုမီတာ အထိ ဝင်ရောက်လာသော ယင်း တိုက်ဂျက်လေယာဉ်ကို ပဲထိန်းဝေဟင်ပစ် ဒုံးကျည်၂စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာန က တိုက်လေယာဉ်အား အစ္စရေးဘက်ကတိုက်ခိုက်ချိန်တွင် ၎င်းသည် ဆီးရီးယား လေပိုင်နက်အတွင်း ပျံသန်းနေကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ တိုက်လေယာဉ်သည် အစ္စရေးနိုင်ငံက ပိုင်ဆိုင်သည့် Golan Heights ဒေသအနီးရှိ ဆီးရီးယားနိုင်ငံတောင်ပိုင်း ရှိ သူပုန်အုပ်စုများ၏ တည်နေရာကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း SANA ကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.