Connect with us

Africa & Middle East

တရုတ်-တောင်အာဖရိက သိပ္ပံပညာရှင် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosaတို့ ပါဝင်တက်ရောက်

တရုတ်-တောင်အာဖရိက သိပံ္ပပညာရှင် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတရှီ အဖွင့်အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပရီတိုးရီးယား ၊ ဇူလိုင်၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosနှင့်အတူ ပရီတိုးရီးယားတွင် ကျင်းပသည့် တရုတ်-တောင်အာဖရိက သိပ္ပံပညာရှင် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်က အမှာစကားပြောကြားရာ တရုတ်နိုင်ငံနှင့် အာဖရိကတိုက် သည် အေးအတူပူအမျှ အတူယှဉ်တွဲနေသည့် ကံကြမ္မာတူအသိုက်အဝန်းတစ်ခုဖြစ် သလို နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြသည့် ဘုံအကျိုးစီးပွားအသိုက်အဝန်းတစ်ခုဖြစ် ကြောင်း ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီးအစည်းအဝေးကို ဂျိုဟန်နက်စ်ဘာ့ဂ် တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ရာ ၎င်းဆွေးနွေးပွဲ အောင်မြင်မှုရလဒ်များ အနက် သိပ္ပံသုတေသန ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း မှာ ကောင်းမွန်စွာ လက်တွေ့အကောင်အထည်ဆောင်ရွက်နိုင်ခဲ့ပြီး သိသာထင်ရှားသည့် အောင်မြင်မှု အကျိုးဆက်များ ကို ရရှိခဲ့ကြောင်း၊ အတူလက်တွဲကြိုးပမ်း လျှောက်လှမ်းမှုများကြောင့် တရုတ်-တောင်အာဖရိက၏ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးများမှာလည်း တိုးတက်လျက်ရှိရာ ကမ္ဘာ့သိပ္ပံနည်းပညာ နယ်ပယ်၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း ၊ ၎င်းမှာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍသစ်များ တိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတ ရှီ က ယခုနှစ် စက်တင်ဘာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ တရုတ်-တောင်အာဖရိက ၊ တရုတ်-အာဖရိက သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် အခွင့်အလမ်းသစ်ပင်ဖြစ်ကြောင်း ၊တရုတ်နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပလက်ဖောင်းအသစ်များ တည်ဆောက်သွားကာ ပူးပေါင်း ဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သိပ္ပံနည်းပညာနှင့် စက်မှု လုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များကလည်း တရုတ်-တောင်အာဖရိက အစဉ်အလာ ချစ်ကြည်ရေး တိုးပွားလာအောင် ဆန်းသစ်တီထွင်မှုများ၊ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ကာ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းမည့်လမ်းစဉ်ကို လျှောက်လှမ်းရကြ စေလိုကြောင်း ၊ နှစ်နိုင်ငံ ရည်မှန်းချက်များသည် မဆုတ်မနစ်ကြိုးစားမှုကြောင့် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သမ္မတ Cyril Ramaphosa က အမှာစကားပြောကြားရာတွင် ၎င်းက တောင်အာဖရိက-တရုတ် သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုကို သမ္မတရှီ က အလေးထားထောက်ခံအားပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပထမပြောကြားခဲ့ပါသည်။ ယခုနှစ်ပိုင်းများတွင် နှစ်နိုင်ငံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုရလဒ်များစွာဖြစ်ထွန်းလာကြောင်း ၊ ယခုကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံ၏ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုသည့် ဆုံးဖြတ်ချက်နှင့် ပူးပေါင်းဆောင်ရွက်

နိုင်မှု အလားအလာများကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ၊ တောင်အာဖရိကအစိုးရအနေဖြင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် တောင်အာဖရိက၏ ယုံကြည်အားကိုးရသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ၊ အာဖရိကတိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ တစ်တပ်တစ်အား ကူညီမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား မတိုင်မီ သမ္မတ ရှီသည် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa နှင့်အတူ တရုတ်-တောင်အာဖရိက သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုများ ဓါတ်ပုံပြပွဲသို့ အတူသွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.