Connect with us

Africa & Middle East

တရုတ်နိုင်ငံသမ္မတ၏ဇနီး ဖုန်းလိယွမ်က တောင်အာဖရိကနေ့ကလေးထိန်းကျောင်းကို သွားရောက်လည်ပတ်


ပရီတိုးရီးယား၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလိယွမ် နှင့် အမျိုးသမီးပညာရေး နှင့် အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ ယူနက်စကို(UNESCO) အဖွဲ့အထူးကိုယ်စားလှယ် တို့သည် တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်ရှိ နေ့ကလေးထိန်းကျောင်း တစ်ခုသို့ဇူလိုင် ၂၄ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ဖုန်းသည် တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa ၏ ဇနီးဖြစ်သူ Tshepo Motsepe လိုက်ပါလျက် African Self Help အသင်းမှ ကိုယ်စားလှယ်တစ်ဦးနှင့်အတူ နေ့ကလေးထိန်းကျောင်းကို သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

တောင်အာဖရိက ကလေးငယ်များက တရုတ်နိုင်ငံအလံ နှင့် တောင်အာဖရိကနိုင်ငံအလံများကို ဝှေ့ယန်း၍ ကြိုဆိုခဲ့ကြပြီး ပရီးတိုးရီးယားမြို့တော် အရှေ့ပိုင်းရှိ Uthando နေ့ကလေးထိန်းကျောင်းသို့ရောက်ရှိလာသော သမ္မတကတော် ဖုန်းလိယွမ်အား “ welcome,welcome” ဟူ၍ တရုတ်၊အင်္ဂလိပ် နှစ်ဘာသာဖြင့် နှုတ်ခွန်းဆက်သခဲ့ကြသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီး ဖုန်းလိယွမ် အား တောင်အာဖရိက ကလေးငယ်များနှင့်အတူတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီး ဖုန်းလိယွမ် အား တောင်အာဖရိက ကလေးငယ်များနှင့်အတူတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီး ဖုန်းလိယွမ် အား တောင်အာဖရိက ကလေးငယ်များနှင့်အတူတွေ့ရစဉ်(ဆင်ဟွာ)

ကလေးငယ်များက တရုတ်နိုင်ငံ၏ Tang ခေတ် ကဗျာတို တစ်ပုဒ်ဖြစ်သည့် An Ode to the Goose ကဗျာအား ရွတ်ဆိုခဲ့ကြသည်။ တရုတ်အသံထွက်မှန်မှန်ဖြင့် ကဗျာရွတ်ဆိုခဲ့ခြင်းအပေါ် ဖုန်းလိယွမ်က လက်ခုပ်တီးအားပေးခဲ့ပြီး ကလေးငယ်များအား အရုပ်များ ၊ ကျောင်းသုံးကိရိယာများ နှင့် စာအုပ်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်းက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ကလေးငယ်များပေါ်တွင် တည်နေကြောင်းပြောကြားခဲ့သည်။

ကလေးငယ်များ စာရိတ္တ ဖွံ့ဖြိုးရေး နှင့် စိတ်ပိုင်းဆိုင်ရာ မြင့်မားရေးအတွက် နည်းပေးလမ်းပြရန် ကနဦးပညာရေးတွင် စာရိတ္တပညာရေးမှာ အလွန်အရေးကြီးကြောင်း ဖုန်းက ဆိုသည်။

၎င်းကလေးငယ်များကြီးပြင်းလာချိန်တွင် တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ရှေးရှုရေးကို လုပ်ဆောင်သွားကြရန်လည်း ဖုန်းက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.