Connect with us

Africa & Middle East

အာဖဂန် အရှေ့ပိုင်း လေကြောင်းတိုက်ခိုက်မှုများအတွင်း အိုင်အက်စ် စစ်သွေးကြွ ၁၉ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင်း ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် အိုင်အက်စ် စစ်သွေးကြွများ ပုန်းအောင်းနေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တပ်မှူး နှစ်ဦး အပါအဝင် အနည်းဆုံး စစ်သွေးကြွ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက မေလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

“Haska Mina ခရိုင်မှာ မေလ ၂၆ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ Daesh သို့မဟုတ် အိုင်အက်စ်စစ်သွေးကြွ ၁၉ ဦး သေဆုံးသွားခဲ့တယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောခဲ့သည်။

သေဆုံးသွားသော အိုင်အက်စ်များအနက် Qari Esrar နှင့် Mullah Hasghar အမည်ရှိသော ခရိုင်တပ်မှူးကြီး နှစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို အာဖဂန် လေတပ် သို့်မဟုတ် နေတိုး (NATO) နှင့် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက လုပ်ဆောင်ခဲ့သလား ဆိုသည်ကို ထုတ်ပြန်ချက်က ပြောကြားထားခြင်းမရှိပေ။

တိုက်ခိုက်မှုများကြောင့် ရွာသား ထောင်ပေါင်းများစွာကို လုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အိုင်အက်စ်အဖွဲ့သည် Nangarhar ပြည်နယ်တွင် ၂၀၁၅ ခုနှစ် အစောပိုင်းက ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.