တိုကျို၊ မတ် ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအလွန်တွင် မတ်လ ၂ရက် နှောင်းပိုင်းက အင်အား၅.၂ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသဋ္ဌာနကပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဒေသတွင် မတ်လ ၂ ရက်က အမည်မသိ သေနတ်သမားများ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် ရွာသား လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဟနွိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ) အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Asia-Pacific Economic Cooperation) ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOM 1)အား ယနေ့ (မတ်လ ၂ ရက်) က ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Khanh Hoa...
ကုလသမဂ္ဂ ၊ မတ် ၂ ရက်(ဆင်ဟွာ) လူ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့၌ မတ်လ ၁ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား “ ရိုင်းစိုင်းယုတ်မာသော ၊ သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှု” အဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။
ဟိုချိမင်းစီးတီး၊ မတ် ၂ ရက် (ဆင်ဟွာ) အမျိုးသမီး နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်၌ မတ်လ ၈ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံ ၈ နိုင်ငံမှ အသင်း ၁၈ သင်း...
ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်သစ်များ ပေါ်ထွက်လာရန် အခြေခံ အဆောက်အအုံ အခင်းအကျင်း အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း တစ်ရပ်အား ခွင့်ပြုရန် ဖေဖော်ဝါရီလ ၂၈ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လွှတ်တော်ထံ သမ္မတ...
ချီကာဂို၊ မတ် ၁ ရက် ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် မြောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တစ်ခွင်၌ ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက လေဆင်နှာမောင်း အနည်းဆုံး လေးကြိမ် တိုက်ခတ်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး မိုးသီးများကျခြင်း၊ လေကြမ်းတိုက်ခြင်းများ ဖြစ်ပွားကာ ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း...
ဘာလင်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရဲတပ်ဖွဲ့က “Fussilet 33 e.V.” အမည်ရှိ ဗလီအသင်းတစ်ခုအား အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်မှုများရှိနေသည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ပိတ်ပင်ခဲ့ကြောင်း သိရသည်။
တူနစ် ၊ မတ် ၁ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံအချို ့တွင် တိုင်းပြည်၏ ဆိုးဝါးသောအခြေအနေများကြောင့် ကလေးငယ် ၁၃သန်းကျော်မှာ ကျောင်းမှထွက်ခဲ့ရကြောင်း (သို့မဟုတ်) ကျောင်းနေခွင့်မရရှိခဲ့ကြောင်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
လာပါ့ဇ်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၇ရက် အထိ လေးရက်ကြာ ကျင်းပခဲ့သော ကာနီဗယ်ပွဲတော် အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၃၃ဦးသေဆုံးခဲ့ကြောင်း နှင့် ဖေဖော်ဝါရီ ၂၇ရက်နေ့သည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း...