Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်းစံတော်ချိန်ကို တောင်ကိုရီးယားနိုင်ငံ စံတော်ချိန်နှင့် ချိန်ညှိသတ်မှတ်မည်

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့ ပူးတွဲကြေညာချက် ဖလှယ်နေသည်ကို ဧပြီလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်းစံတော်ချိန်အား မေလ ၅ ရက်မှ စတင်ကာ လက်ရှိအချိန်ထက် ရှေ့သို့ နာရီဝက်စော၍ ပြန်လည်ချိန်ညှိသတ်မှတ်မည် ဖြစ်ကြောင်း Korean Central News Agency (KCNA) က ဧပြီလ ၃၀ ရက်တွင် သတင်းတင်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပြည်သူ့လွှတ်တော်ချုပ် ဦးဆောင်အဖွဲ့က “ပြုံယမ်းစံတော်ချိန် ပြင်ဆင်ခြင်း” မှ “မြောက်နှင့်တောင် ပေါင်းစည်းခြင်း အချိန်များ” ဟူသော အမိန့်အား ချမှတ်ခဲ့ကြောင်း KCNA ကဆိုသည်။အဆိုပါ အမိန့်အား အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများအား တိုက်တွန်းခဲ့ကြောင်း သတင်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ပန်မွန်ဂျုံကျေးရွာ၌ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့စဉ်က အခြားအရာများ မပြုလုပ်မီ မြောက်ပိုင်းနှင့် တောင်ပိုင်း စံတော်ချိန်များ ပေါင်းစည်းရန် အဆိုပြုခဲ့ကြောင်း၊ “ထိပ်သီးအစည်းအဝေး ပြုလုပ်ရာနေရာမှာ ချိတ်ဆွဲထားတဲ့ ပြုံယမ်းနှင့် ဆိုးလ် စံတော်ချိန်တွေကို ညွှန်ပြနေတဲ့ နာရီနှစ်လုံးကို မြင်ရတာ နာနာကျင်ကျင် ခံစားရပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်းလဲမှုသည် နိုင်ငံနှစ်ခု ပြန်လည်သင့်မြတ်ခြင်းနှင့် စည်းလုံးခြင်းအတွက် လက်တွေ့ကျသော ပထမ ခြေလှမ်း ဖြစ်ကြောင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၏ မတူကွဲပြားမှုနှင့် သီးခြားဖြစ်တည်နေမှုများအား တူညီပြီး တစ်ခုတည်း ဖြစ်စေမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ယခင်က ကိုရီးယားနှစ်နိုင်ငံသည် စံတော်ချိန် တစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် သြဂုတ်လ၌ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ စံတော်ချိန်အား မိနစ် ၃၀ နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117