မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ်ကဏ္ဍအသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် နှင့် နိုင်ငံတကာ အရေးကိစ္စများတွင် လည်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်သွားရန် မေလ ၂၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ရီယို ဒီ ဂျနေရို၊ မေ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း Rio Grande de Norte ပြည်နယ် ရှိ အကျဉ်းထောင်တစ်ခုမှ အနည်းဆုံး အကျဉ်းသား ၈၉ဦးသည် မီတာ ၃၀အရှည်ရှိသော လိုဏ်ခေါင်းမှ တစ်ဆင့် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း...
ဝါရှင်တန် ၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန က ယခုနှစ် မတ်လပိုင်းတွင် အီရတ် နိုင်ငံ မိုဆူးလ် မြို့တွင် ဆောင်ရွက်ခဲ့သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် IS အစွန်းရောက် အဖွဲ့အစည်း မှ ကြိုတင်ဆောင်ရွက်ထားသည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများကို...
အေသင်၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ အေသင်မြို့လယ်ကောင်တွင် မေလ ၂၅ ရက်က ဂရိဝန်ကြီးချုပ်ဟောင်း Loukas Papademos လိုက်ပါလာသော ကားအတွင်း စာအိတ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဂရိအမျိုးသား သတင်းဋ္ဌာန AMNA ၏ နောက်ဆုံးဖော်ပြချက်များအရ သိရသည်။
ဝါရှင်တန်၊ မေ ၂၅ ရက် (ဆင်ဟွာ) သစ်သီးဖျော်ရည်များက အသက် တစ်နှစ်အောက် ကလေးတွေအတွက် အာဟာရ အကျိုးကျေးဇူး မပါဝင်သည့်အတွက် ၎င်းတို့ကို ကျွေးသည့် အစားအစာထဲတွင် ထည့်သွင်းမကျွေးသင့်ကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီက ထုတ်ပြန်သည့် လမ်းညွှန်အသစ်အရ သိရသည်။
ထရိုင်ပိုလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) မန်ချက်စတာမြို့ ဗုံးဖောက်ခွဲသူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့အား လစ်ဗျားနိုင်ငံ ထရိုင်ပိုလီမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ရီယို ဒီဂျနေရို၊ မေ ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ် တွင် မေလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခု အတွင်း အမျိုးသား ၉ဦး နှင့် အမျိုးသမီး ၁ဦးအပါအဝင် လူ၁၀ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ မေ ၂၅ ရက် (ဆင်ဟွာ) ကယ်လီဖိုးနီးယားပြည်နယ်တွင် မေလ ၂၄ ရက်က အကျဉ်းထောင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ရာ ဝန်ထမ်း ၈ ဦးနှင့် အကျဉ်းသား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မက်ဒရစ်၊ မေ ၂၅ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ တရားရုံးချုပ် က ဘာဆီလိုနာအသင်း ဘောလုံးသမား လီယွန်နယ် မက်ဆီ အား အခွန်တိမ်းရှောင်မှု ဖြင့် ထောင်ဒဏ် ၂၁ လ နှင့် ဒဏ်ငွေ ယူရို ၂သန်းပေးဆောင်ရမည့် အပြစ်ဒဏ်အား မေလ ၂၄ ရက်...
ဂျာကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု အနီး တွင် မေ ၂၄ရက် ညက အသေခံဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၂ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် မျက်မြင်တွေ့ရှိခဲ့သူများက မေ ၂၅ရက်...