Connect with us

North America

အမေရိကန်နိုင်ငံ တွင် လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် လူ ၃ဦးသေဆုံး

အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ်တွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်အား လယ်ကွင်းထဲ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အင်ဒီယာနာပြည်နယ် တွင် ဖေဖော်ဝါရီ ၂၂ရက် ညပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်၌ လိုက်ပါလာသူ ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Cessna 441 Conquest အမျိုးအစား လေယာဉ်ငယ်တစ်စီး သည် အင်ဒီယာနာပြည်နယ် မြို့တော် Indianapolis မြို့ မှ Wisconsin ပြည်နယ် သို့ ပျံသန်းလာစဉ် Indianapolis မြို့ အနောက်မြောက်ဘက် ၁၀၀ကီလိုမီတာခန့်အကွာ ရှိ လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၃ဦးလိုက်ပါလာပြီး အားလုံးသေဆုံးသွားခဲ့ကြောင်း အင်ဒီယာနာပြည်နယ် ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာတစ်ခုက ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး လေယာဉ်ပျက်ကျသည့် ညပိုင်း တွင် မိုးအနည်းငယ်ရွာသွန်းနေပြီး မြူများ ရစ်ဆိုင်းနေသည့်အတွက်ကြောင့် ဖြစ်ကြောင်း သတင်းတစ်ချို့ကဖော်ပြခဲ့သည်။

သေဆုံးသွားသူများတွင် Wisconsin ပြည်နယ် နွားခြံပိုင်ရှင် တစ်ဦး နှင့် ၎င်း၏ သားမက်ဖြစ်သူတို့ပါဝင်ကြောင်း Milwaukee Journal-Sentinel သတင်း၌ ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117