Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၈ ဦး သေဆုံး

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် လူနာများအား ဆေးရုံ သို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး တွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ၌ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ရာ အနည်ဆုံး လူပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှု တစ်ခု သည် သမ္မတ အိမ်တော်ကို ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆိုမာလီယာ နိုင်ငံ လုံခြုံရေး ဌာန က ဖေဖော်ဝါရီ ၂၃ ရက် နေ့ ညပိုင်းအချိန်တွင် လက်နက်ကိုင် အဖွဲ့ဝင် များက ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကားကို အမျိုးသား လုံခြုံရေး နှင့် သတင်းအချက်အလက် ဌာနချုပ် အနီးတွင် ဖောက်ခွဲခဲ့ပြီး ၁၅ မိနစ် ခန့် အကြာတွင် အခြား ကားတစ်စင်း က သမ္မတ အိမ်တော် အနီးသို့ မောင်းနှင်သွားပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း ပြည်သူလူထု တို့က သမ္မတ အိမ်တော် အနီး ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက်တွင် ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့ နှင့် လက်နက်ကိုင် တပ်ဖွဲ့ တို့က ပေါက်ကွဲမှု ဖြစ်ပွား သည့် လမ်းတွင် ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွား ခဲ့ကြောင်း ပြောကြား ခဲ့ပြီး လုံခြုံရေး ဌာန ၏ ထုတ်ပြန်ချက်အရ အနည်းဆုံး လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

မိုဂါဒစ်ရှူး ရဲတပ်ဖွဲ့ မှ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့ရာတွင် လက်နက်ကိုင် အဖွဲ့အစည်း သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညပိုင်း အချိန်တွင် သမ္မတ အိမ်တော် သို့ ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ် ခဲ့ကြသော်လည်း လုံခြုံရေး တပ်ဖွဲ့၏ ခုခံ တိုက်ခိုက်မှုကြောင့် တားဆီး နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)