Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရဲအချုပ်မှ အကျဉ်းသား ၁၂ ဦး ထွက်ပြေးလွတ်မြောက်

ဖိလစ်ပိုင်နိုင်ငံရှိ အကျဉ်းထောင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နို်င်ငံ တောင်ပိုင်း စူလူပြည်နယ် ဂျိုလိုကျွန်းရှိ ရဲအချုပ်တစ်ခုမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး အကြီးတန်း ရဲမှူး Mario Buyucan က အကျဉ်းသား ၂၉ ဦး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ၁၇ ဦးကို ပြန်၍ ဖမ်းမိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသူများသည် ဒေသစံတော်ချိန် နံနက် ၁၀း၄၀ နာရီဝန်းကျင်၍ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ကနဦး စစ်ဆေးမှုအရ အကျဉ်းသား ၂၉ ဦးအား ထွက်ပြေးသွားသည့်အတွက် တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးအား ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။

ထွက်ပြေးသွားသူအများစုသည် မူးယစ်ဆေးဝါးမှုနှင့် အရေးယူခံထားရသူများဖြစ်ကြောင်း Buyucan က ပြောသည်။

အဆိုပါ အကျဉ်းသား ၁၂ ဦး ပြန်လည် ဖမ်းဆီးနိုင်ရန် စနစ်တကျ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)