Connect with us

Asia

အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိလာ

မြောက်ကိုရီးယားနိုင်ငံ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချိုလ်( Kim Yong Chol) အား တွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချိုလ်( Kim Yong Chol) က ဦးဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းသည် တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ပြုံချန်းမြို့၌ ကျင်းပလျက်ရှိသည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံ၌ ၃ ရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)