Connect with us

Africa & Middle East

မိုဂါဒစ်ရှူးတွင် ပေါက်ကွဲမှုကြောင့် လူ ၃၂ ဦး သေဆုံး

မိုဂါဒစ်ရှူးမြို့ ပေါက်ကွဲမှုတွင် ဒဏ်ရာရသူအား ဆေးရုံကားသို့ တင်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ကြောင်း၊ ကမ်းခြေတွင် ရှိနေသူ အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုဂါဒစ်ရှူးမြို့ရှိ ဆေးရုံများ၌ ကုသမှုခံနေကြသူများအနေဖြင့် ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးသူ အရေအတွက် မြင့်တက်ရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ မိုဂါဒစ်ရှူး တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၂ ဦးရှိတယ်ဆိုတာပဲ ကျွန်တော် ပြောနိုင်ပါတယ်” ဟု အဆိုပါ အရာရှိက ပြောခဲ့သည်။ “အဓိကတော့ Lido ကမ်းခြေမှာရှိတဲ့ လူငယ်တွေဖြစ်ပြီး ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကားဗုံး နှစ်ကြိမ်ပေါက်ကွဲမှုနှင့် ပတ်သက်၍ အယ်လ်ရှာဘတ် (Al-Shabaab) အဖွဲ့က လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး တစ်ခုမှာ သမ္မတ နန်းတော်အား ပစ်မှတ်ထားကြောင်းနှင့် အခြား တစ်ခုမှာ အနီးရှိ ထောက်လှမ်းရေး ဋ္ဌာနချုပ်အား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ နန်းတော် ဆိုမာလီယာ ဗီလာ၏ ဝင်ပေါက်၌ ဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး သမ္မတ လုံခြုံရေးတစ်ဦး ပါဝင်ခဲ့သည်။

စစ်သွေးကြွများသည် ရဲတပ်ဖွဲ့ဝတ်စုံများ ဝတ်ဆင်ထားပြီး ရဲကားအရောင်သုတ်လိမ်းထားသည့် ကားအား မောင်းနှင်လာခဲ့ကြောင်း၊ ၎င်းတို့၏ ပစ်မှတ်နေရာများသို့ မရောက်မီ စစ်ဆေးရေးဂိတ် အများအပြားအား ဖြတ်ကျော်လာခဲ့ကြောင်း သိရသည်။ (Xinhua)