ဆန်တီယာဂို ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ချီလီနိုင်ငံသမ္မတ Michelle Bachelet နှင့်ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ) တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် နိုဝင်ဘာ ၅ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျခဲ့၍ လူ၁၆ဦး ထက်မနည်းသေဆုံးကာ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဆိုးလ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အခြားနိုင်ငံအတွင်းရှိ မြို့ပေါင်းများစွာ၌ ပြည်သူထောင်ပေါင်းများစွာက (ယခင်) သမ္မတအကြံပေးနှင့် အထူးလူယုံဖြစ်သူ၏ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ သမ္မတပတ်ဂွန်ဟေးအား ရာထူးမှနှုတ်ထွက်ပေးရန် ဖယောင်းတိုင်မီးများထွန်းညှိကာ နိုဝင်ဘာလ ၅ ရက်ညပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ရီဂါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် လတ်ဗီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လတ်ဗီးယား သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ကတိပြုခဲ့ကြကြောင်း သိရသည်။
ဘိုဂိုတာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) FARC နှင့်အတူ အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုလံဘီယာ အထက်လွှတ်တော် အမတ် Roy Barreras က နိုဝင်ဘာလ ၂၀ တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး သဘောတူညီချက်သစ်က အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ နိုဝင်ဘာလ ၂ ရက်က ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့် (စပိဘုတ်) စက်လှေတိမ်းမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ဦးရေမှာ ၅၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း အလွန် မြေထဲပင်လယ်၌ နိုဝင်ဘာ ၂ရက် က ရွှေ့ပြောင်းဒုက္ခသည်များ တင်ဆောင်လာသည့် လှေနှစ်စီး နစ်မြုပ်ခဲ့၍ ဒုက္ခသည် ဦးရေ ၂၃၉ဦး ခန့်ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နိုဝင်ဘာလ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရောမ၊နိုဝင်ဘာ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံကမ်းခြေစောင့်တပ်က မြေထဲပင်လယ်၌ နိုဝင်ဘာလ ၃ ရက်ကပြုလုပ်သော စစ်ဆင်ရေး ၇ ခုအတွင်း ရွှေ့ပြောင်းအခြေချသူ ၇၆၆ ဦးကို ကယ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းအခြေချသူများသည် ရော်ဘာလှေ ငါးစီး ၊ စက်လှေတစ်စီး နှင့် ရွက်လှေတစ်စီးကို အသုံးပြု၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က...
ဟနွိုင် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂ ရက်နံနက်ပိုင်းက လူ ၄ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။