Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ က ယီမင် နိုင်ငံ မြို့တော်ရှိ Sana’a လေဆိပ် အား ဗုံးကြဲ တိုက်ခိုက်

ယီမင် နိုင်ငံ မြို့တော်ရှိ Sana'a လေဆိပ် ဗုံးကြဲတိုက်ခိုက်မှု ခံရပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

ကိုင်ရို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ Sana’a လေဆိပ် ပြောရေးဆိုခွင့်ရှိသူ က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် Sana’a လေဆိပ် အား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့သဖြင့် လေကြောင်းလမ်းညွှန်မှု စနစ် ပျက်စီးသွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်းမရရှိသေးကြောင်း ပြောကြား ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ တွင် ပြောရေးဆိုခွင့်ရှိသူ က လက်ရှိချိန်တွင် လေကြောင်းလမ်းညွှန်မှု စနစ်သည် လုံးဝ ပျက်စီးသွားခဲ့ပြီး နည်းပညာရှင်များအနေဖြင့် အသစ် ပြောင်းလဲ တပ်ဆင်ရန် ကြိုးပမ်းနေကြောင်း ၊ လက်ရှိချိန်တွင် လေဆိပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များမှ ကူညီထောက်ပံ့ရေး ပစ္စည်းများကို လက်ခံရန် ဝန်ဆောင်မှု မပေးနိုင်တော့ကြောင်း ပြောကြား ခဲ့သည်။

ညွန်ပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့မှုကြောင့် ယီမင် Houthis လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် Sana’a လေဆိပ် လွန်ခဲ့သည့် တစ်နှစ်ကျော် အချိန်မှ စတင်၍ အရပ်ဘက် လေယာဉ်များ ဆင်းတက်မှု ကို တားမြစ် ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များမှ ကူညီထောက်ပံ့ရေး ပစ္စည်း ပို့ဆောင်သည့် လေယာဉ်များကိုသာ ဆင်းတက်ရန် ဝန်ဆောင်မှုပေးခဲ့သည်။

ယခုလ ၄ ရက်နေ့တွင် ယီမင် Houthis လက်နက်ကိုင်တပ်ဖွဲ့ သည် ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် ရှိ ရီးယာ့ဒ် လေဆိပ်အား ဒုံးကျည်များဖြင့် တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့ပြီးနောက်တွင် ညွန်ပေါင်းတပ်ဖွဲ့သည် ယီမင် နိုင်ငံ မြို့တော်အား ဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.