Connect with us

North America

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် မူလတန်း ကျောင်း အနီးတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား အနည်းဆုံး ၅ ဦး သေဆုံး

အမေရိကန် နိုင်ငံ Tehama ခရိုင် တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း Tehama ခရိုင်ရှိ မူလတန်း ကျောင်း တစ်ကျောင်း အနီးတွင် နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ကျောင်းသား/သူ များအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

Tehama ခရိုင် ရဲတပ်ဖွဲ့ အရာရှိ တစ်ဦး က ရဲတပ်ဖွဲ့ အနေဖြင့် သတင်း ပေးပို့ချက်အရ နံနက် ၈ နာရီအချိန်ခန့်တွင် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ပြီး သေနတ်ပစ်ခတ်သူ သည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု အရ သေဆုံးခဲ့ကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက်တွင် မူလတန်းကျောင်းအား ယာယီပိတ်ခဲ့ကာ ကျောင်းသား/သူ များအား လုံခြုံရာ ဒေသ သို့ ပြောင်းရွေ့ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့ က သေနတ် ပစ်ခတ်သူ သည် လူနေအိမ် များကို စတင် ပစ်ခတ်ခဲ့ပြီး ကျောင်းအနီးသို့ ရောက်ရှိလာသည့် အထိ ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ မှ ပြစ်မှုကျူးလွန်သူအား ပစ်ခတ်ရှင်းလင်း ပြီးနောက်တွင် ၎င်းထံမှ ဆီမီးအော်တိုရိုင်ဖယ် တစ်လက် နှင့် ပစ္စတို ၂ လက် တွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွားစဉ် အတွင်း ကျောင်းသား ၂ ဦးမှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ FBI အနေဖြင့် မှုခင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားစဉ်တွင် အနီးပတ်ဝန်းကျင်ရှိ သူများမှ သေနတ် ပစ်ခတ်သံ အကြိမ် ၁၀၀ ကျော် ကြားခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.