မော်စကို ၊ မတ် ၁၅ ရက် (ဆင်ဟွာ) CNN သတင်းဌာနက အသစ် ရိုက်ကူးသော ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အကြောင်း မှတ်တမ်းရုပ်ရှင်အပေါ် အံ့သြမှု မရှိကြောင်း နှင့် ၎င်းမှာ ရုရှားဆန့်ကျင်ရေး ဝါဒဖြန့်ချိမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံအစိုးရက မတ်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် အပြုသဘောဆောင်သော ရလဒ်ထွက်ပေါ်ရေးဦးစားပေးဆက်ဆံမှု ရရှိရန် ကြိုးပမ်းနေကြောင်း မတ်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကွာလာလမ်ပူ၊ မတ် ၁၄ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံသည် ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်သော မြောက်ကိုရီးယားနိုင်ငံသား ၅၀ဦးအား ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi က မတ်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ဘူခါရက်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ရိုမေးနီးယားနိုင်ငံ အကောက်ခွန်အာဏာပိုင်များက တောင်ပိုင်း Constanta ဆိပ်ကမ်းတွင် မတ်လ ၁၃ရက်က မှောင်ခိုတင်သွင်းလာသည့် စီးကရက် အတောင့် ၇၀၀,၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အန်ကာရာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) နယ်သာလန်အာဏာပိုင်များက Rotterdam မြို့တွင် ဖြစ်ပွားနေသည့် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲများတွင် တူရကီနိုင်ငံရေးသမားများ ဝင်ရောက်ပါဝင်ခြင်းကို တားမြစ်လိုက်ပြီးနောက် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က တူရကီနိုင်ငံ သည် လက်ရှိအချိန်တွင် နယ်သာလန်နိုင်ငံအပေါ် နိုင်ငံရေးအရပိတ်ဆို့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း...
ရီယာ့ဒ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဆော်ဒီနိုင်ငံအလုပ်သမားဝန်ကြီးဋ္ဌာနက အရေးကြီးသော အလုပ်အကိုင်များတွင် နိုင်ငံခြားသား အလုပ်သမားများ၏ ကြီးစိုးလာမှုကို အဆုံးသတ်ရန် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁.၂သန်း ဖန်တီးပေးမည့် အစီအစဉ်အား စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက မတ် ၁၃ ရက်တွင်ဖော်ပြခဲ့သည်။
ကွာလာလမ်ပူ၊ မတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှားရဲတပ်ဖွဲ့က IS စစ်သွေးကြွအုပ်စု နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင်လူမျိုး ငါးဦး နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦးအပါအဝင် သံသယရှိသူ ၇ဦးအား မတ်လ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ပနားမားစီးတီး၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ မြောက်ပိုင်းတွင် မတ်လ ၁၂ ရက် အစောပိုင်းက လမ်းလျှောက်နေသူ လူအုပ်အတွင်း ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် လူ ၃၈ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဟေတီနိုင်ငံ မြို့တော် Port-au-Princeမြို့ ၏ ဖော်ပြချက်များအရ သိရသည်။
ဆိုးလ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ပက်ဂွမ်ဟေး သည် ခုံရုံးက ၎င်းအားစွပ်စွဲပြစ်တင်မှုကို ထောက်ခံခဲ့ပြီး ၂ရက်အကြာ မတ် ၁၂ရက်တွင် သမ္မတအိမ်ပြာတော်မှ ဆိုးလ်မြို့တောင်ပိုင်းရှိ ၎င်း၏နေအိမ်သို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ မတ် ၁၃ ရက် (ဆင်ဟွာ) ရာထူးမှ ထုတ်ပယ်ခြင်း ခံရသော တောင်ကိုးရီးယားနိုင်ငံသမ္မတ(ဟောင်း) ပတ်ဂွမ်ဟေးသည် သမ္မတအိမ်ပြာတော်မှ ထွက်ခွာခဲ့ရပြီးနောက် မတ်လ ၁၂ ရက်တွင် ဆိုးလ်မြို့ရှိ ၎င်းနေထိုင်မည့် အိမ်သစ်သို့ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။