Connect with us

Europe

သမ္မတပူတင်အကြောင်း ရိုက်ကူးထားသော CNN မှတ်တမ်းရုပ်ရှင် အပေါ် မအံ့သြကြောင်း ရုရှားပြော

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အား တွေ့ ရစဉ် (ဓာတ်ပုံ - AFP/ဆင်ဟွာ)

မော်စကို ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

CNN သတင်းဌာနက အသစ် ရိုက်ကူးသော ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အကြောင်း မှတ်တမ်းရုပ်ရှင်အပေါ် အံ့သြမှု မရှိကြောင်း နှင့် ၎င်းမှာ ရုရှားဆန့်ကျင်ရေး ဝါဒဖြန့်ချိမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံအစိုးရက မတ်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ အခုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က အရင်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ ဆန္ဒဇောပါပြီး စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ဒေါသထွက်စရာ ဇာတ်လမ်းမျိုးထက်ပိုတဲ့ စိတ်ကူးယဉ်ဆန်မှုတွေပါပဲ။ အဲဒီရုပ်ရှင်က ဘာအချက်အလက်မှ မပါဘဲ ထင်မြင်ယူဆချက်ပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ အဲဒီထင်မြင်ချက်တွေက မကြာခဏ အလုံးစုံ လုပ်ကြံထားတဲ့ ဇာတ်လမ်းတွေ ထက်ပိုပါတယ်” ဟု ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်၏ ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများက ဆိုသည်။

“အရင်က ထုတ်လွှင့်ခဲ့သလိုပဲ နှစ်မြို့ဖွယ်မရှိတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဖန်တီးမှု အစိတ်အပိုင်းတွေပေါ့။ ဘာမှအသစ်အဆန်းမပါပါဘူး” ဟု ၎င်းက ဆိုသည်။

(မော်စကိုစံတော်ချိန် ) မတ်လ ၁၄ ရက် နံနက်အစောပိုင်း က CNN သတင်းဌာနမှ ထုတ်လွှင့်ပြသသွာသည့် မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုရန် သမ္မတပူတင်အတွက် အချိန်မရှိကြောင်း ၊ သို့သော်လည်း မီဒီယာများကတဆင့် ဇာတ်လမ်းကို သိမြင်ခွင့်ရခဲ့ကြောင်း Peskov က ပြောကြားခဲ့သည်။

CNN သတင်းဌာနက “ ကမ္ဘာ့သြဇာအကြီးဆုံး လူသား” ဟူသော် အမည်ဖြင့် ရုရှားနိုင်ငံခေါင်းဆောင်၏ ကမ္ဘာ့ရေးရာများ နှင့် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေးအပိုင်းများကို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.