Connect with us

North America

ဟေတီတွင် လူအုပ်ထဲ ဘတ်စ်ကားဝင်တိုက်မှုကြောင့် ၃၅ဦးသေဆုံး

ဟေတီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပနားမားစီးတီး၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ မြောက်ပိုင်းတွင် မတ်လ ၁၂ ရက် အစောပိုင်းက လမ်းလျှောက်နေသူ လူအုပ်အတွင်း ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် လူ ၃၈ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဟေတီနိုင်ငံ မြို့တော် Port-au-Princeမြို့ ၏ ဖော်ပြချက်များအရ သိရသည်။

ဟေတီနိုင်ငံ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြချက်များအရ ဟေတီနိုင်ငံမြောက်ပိုင်း Gonaivesမြို့အနီးရှိ မြို့တစ်မြို့တွင် ဒေသစံတော်ချိန်နံနက် ၃နာရီ က ဘတ်စ်ကားတစ်စီး သည် လူ ၂ဦးအား တိုက်မိခဲ့ပြီးနောက် ဂီတပွဲတော်အတွက် စုဝေးနေသည့် ဒေသခံ လူအုပ်အတွင်းသို့ အရှိန်ဖြင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် Cap Haitien မြို့မှ မြို့တော် Port-au-Prince သို့ ခရီးသည်များတင်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

သတင်းဖော်ပြချက်များအရ လူ ၃၄ဦးသည် အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ပြီး အခြားလူ ၄ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအား မြို့တော် ၏ အနောက်မြောက်ဘက် ၁၀၀ကီလိုမီတာ အကွာခန့် Gonaiviesမြို့ ရှိ ဆေးရုံတစ်ခု၌ဆေးကုသပေးထားကြောင်း သိရသည်။

ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းသူနှင့် ခရီးသည်များအား မေးမြန်းမှုများပြုလုပ်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ယာဉ်မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးဘဲ ဟေတီသမ္မတ Jovenel Moise က ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးရန် မတ်လ ၁၂ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.