Connect with us

Asia

ဖြုတ်ချခံရသော တောင်ကိုးရီးယား သမ္မတ(ဟောင်း) ပတ်ဂွမ်ဟေး အိမ်ပြောင်းပြီ


ဆိုးလ် ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ရာထူးမှ ထုတ်ပယ်ခြင်း ခံရသော တောင်ကိုးရီးယားနိုင်ငံသမ္မတ(ဟောင်း) ပတ်ဂွမ်ဟေးသည် သမ္မတအိမ်ပြာတော်မှ ထွက်ခွာခဲ့ရပြီးနောက် မတ်လ ၁၂ ရက်တွင် ဆိုးလ်မြို့ရှိ ၎င်းနေထိုင်မည့် အိမ်သစ်သို့ပြောင်းရွှေ့ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မတ ပက်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်ခြင်းအဆိုကို ထောက်ခံခဲ့သဖြင့် ပတ်ဂွမ်ဟေးသည် မတ်လ ၁၀ ရက်တွင် သမ္မတရာထူးမှ အပြီးအပိုင် ရပ်စဲခြင်းခံခဲ့ရသည်။

သမ္မတအိမ်ပြာတော်မှ ထွက်ခွာခဲ့ရသည့် ပတ်ဂွမ်ဟေး အားတွေ့ရစဉ် (ဆင်ဟွာ)

စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ အမိန့်ချမှတ်မှုအား နိုင်ငံတစ်ဝန်းရှိ ရုပ်သံလိုင်းများက အချိန်နှင့် တစ်ပြေးညီထုတ်လွှင့်ပြသခဲ့ပြီး ယင်းအမိန့်ချမှတ်မှုကို ခုံရုံး၏ ယာယီတရားသူကြီးချုပ် Lee Jung-mi နှင့် တရားသူကြီးအဖွဲ့ဝင် ၈ဦးတို့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.