Connect with us

Africa & Middle East

နယ်သာလန်အပေါ် နိုင်ငံရေးအရပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီကြေညာ

တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

နယ်သာလန်အာဏာပိုင်များက Rotterdam မြို့တွင် ဖြစ်ပွားနေသည့် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲများတွင် တူရကီနိုင်ငံရေးသမားများ ဝင်ရောက်ပါဝင်ခြင်းကို တားမြစ်လိုက်ပြီးနောက် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က တူရကီနိုင်ငံ သည် လက်ရှိအချိန်တွင် နယ်သာလန်နိုင်ငံအပေါ် နိုင်ငံရေးအရပိတ်ဆို့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မတ်လ ၁၃ရက်နေ့ နှောင်းပိုင်းက ပြောကြားခဲ့သည်။

နယ်သာလန်အစိုးရအား တုံ့ပြန်မှုများပြုလုပ်သွားရန် ဝန်ကြီးအစည်းအဝေးပွဲတစ်ခု ၌ ဆွေးနွေးပြီးနောက် Kurtulmus က ပိတ်ဆို့မှုများအား လက်ရှိအချိန်တွင် နိုင်ငံရေးမူဘောင်များအတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Kurtulmus က နယ်သာလန်နိုင်ငံက တူရကီနိုင်ငံ၏ တောင်းဆိုချက်များကို လိုက်လျောပေးနိုင်မှသာလျှင် လောလောဆယ်တွင် တူရကီနိုင်ငံ ပြင်ပ၌ရှိနေသော တူရကီနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်အား နိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီအစိုးရသည် နယ်သာလန်နိုင်ငံ နှင့် ပတ်သက်၍ အဆင်မြင့်ဆက်ဆံရေး နှင့် စီစဉ်ထားသော အစည်းအဝေးပွဲအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ခွင့်ပြုပေးခဲ့သော နယ်သာလန်တာဝန်ရှိသူများအတွက် သံတမန်ရေးအရ လာရောက်လည်ပတ်ခွင့်ကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တူရကီအစိုးရ သည် တူရကီ-နယ်သာလန် ပါလီမန်ရင်းနှီးချစ်ကြည်မှုဆိုင်ရာအုပ်စုတစ်ခု ကိုလည်း ပယ်ဖျယ်သွားရန် ပါလီမန်သို့ အဆိုတင်သွားထားကြောင်း ဒုတိယဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

နယ်သာလန်အာဏာပိုင်များက တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu အားနယ်သာလန်သို့ လာရောက်ခွင့် ပိတ်ပင်ခဲ့သည့်အပြင် တူရကီနိုင်ငံ မိသားစုရေးရာဝန်ကြီး Fatma Betul Sayan Kayaကိုလည်း မတ်လ ၁၁ရက်က Rotterdamမြို့ရှိ တူရကီကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား သဘောထားများ တင်းမာလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.