Connect with us

Asia

မလေးရှားက ဗီဇာသက်တမ်းကုန် မြောက်ကိုရီးယားအလုပ်သမားများအား ပြည်နှင်ဒဏ်ပေးမည်

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi အားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံသည် ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်သော မြောက်ကိုရီးယားနိုင်ငံသား ၅၀ဦးအား ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi က မတ်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း၏ တစ်ဝမ်းကွဲအကိုဖြစ်သူ ကင်ဂျုံနမ် အသတ်ခံရပြီး နှစ်နိုင်ငံ သည် တစ်ဖက်နှင့် တစ်ဖက် နိုင်ငံသားများအားပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီးနောက် မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာရာဝပ်ပြည်နယ်တွင် အလုပ်လုပ်နေသော မြောက်ကိုရီးယားနိုင်ငံသား ၁၄၀ဦးအနက် နေထိုင်ခွင့်ကုန်ဆုံးနေသည့် မြောက်ကိုရီးယားနိုင်ငံသား ၅၀ဦးအား ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံသားအများစုသည် မလေးရှားနိုင်ငံ ရှိ မိုင်းတွင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

Zahid က မလေးရှားသည် ဗီဇာသက်တမ်းကုန်ဆုံးနေသော မြောက်ကိုရီးယားအလုပ်သမားများအား ပြုံယမ်းမြို့သို့ ပြန်ပို့မည်ဖြစ်ကြောင်း ပါလီမန်တွင်ပြောကြားခဲ့သော်လည်း မည်သည့်အချိန် နှင့် မည်သို့ ပြန်ပို့မည်အကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

၎င်းက ဗီဇာသက်တမ်းကျန်ရှိသော မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်း ဆက်လက် နေထိုင်နိုင်ပြီး မလေးရှားနိုင်ငံ အတွင်း၌ မြောက်ကိုရီးယားနိုင်ငံသားစုစုပေါင်း ၃၁၅ဦးရှိကြောင်း ပြောကြာခဲ့သည်။

Zahid က မြောက်ကိုရီးယားတွင် ပြည်ပထွက်ခွာခွင့်ပိတ်ခံထားရသည့် မလေးရှားနိုင်ငံသား ၉ဦး အား ပြန်လည်ခေါ်ယူရန် တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံ၏ My Second Home အစီအစဉ်အောက်တွင် မြောက်ကိုရီးယားနိုင်ငံသား ၁၉၁ဦးပါဝင်နေပြီး ယင်းအစီအစဉ်သည် မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများ ဝင်ရောက်ခွင့်နှင့် ၁၀နှစ်အထိနေထိုင်ခွင့်တို့ကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.