Connect with us

Asia

မလေးရှားက ISအဖွဲ့ နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင် ငါးဦးအား ဖမ်းဆီး

ISအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသူတစ်ဦးအား မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မလေးရှားရဲတပ်ဖွဲ့က IS စစ်သွေးကြွအုပ်စု နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင်လူမျိုး ငါးဦး နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦးအပါအဝင် သံသယရှိသူ ၇ဦးအား မတ်လ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးထားသည့် သံသယရှိသူ ဖိလစ်ပိုင်လူမျိုး ငါးဦးသည် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထား သူများဖြစ်ပြီးယင်းတို့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ISစစ်သွေးကြွများ နှင့် ဆက်သွယ်ကာ အကြမ်းဖက်အုပ်စု အတွက် လူစုဆောင်းပေးနေသော မလေးရှားနိုင်ငံသား တရားခံပြေးများဖြစ်သည့် Dr. Mahmud Ahmad နှင့် Mohamad Joraimee Awang Raimme တို့အား ငွေကြေးများထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အခြားသံသယရှိသူ နှစ်ဦး သည် အင်ဒိုနီးရှားနိုင်ငံသား စစ်သွေးကြွ သုံးဦးကို မလေးရှားနိုင်ငံ ဆာဗားပြည်နယ်မှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သို့ ပို့ဆောင်ရာတွင် အကူအညီပေးခဲ့သည်ဟု ယူဆရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းသည် အကြမ်းသမားများစွာအား တရားဝင်အထောက်အထားမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ သွားရောက်ရန် စီစဉ်ကူညီပေးခဲ့သည်ဟု ယုံကြည်ကြသည်။

အဆိုပါ တရားခံများအား မတ်လ ၈ ရက် နှင့် ၁၂ရက်အတွင်း ဆာဗား ပြည်နယ် နှင့် ဆီလန်ဂေါ ပြည်နယ် ၌ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည့် အဘူဆေးယက် ဂျီဟတ်အုပ်စု ကြီးစိုးနေသော ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း နှင့် ဆာဗား ပြည်နယ်အကြား စစ်သွေးကြွများ နှင့် ချိတ်ဆက်နေမှုများအား ရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ခြင်းသည် ပထမဆုံးမဟုတ်တော့ကြောင်း သိရသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ၌ အဖွဲ့ဝင်လေးဦးပါဝင်သော အကြမ်းဖက်အုပ်စုငယ်တစ်ခုအား ဖြိုခွဲခဲ့ပြီး ယင်းအုပ်စုသည် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ IS စစ်သွေးကြွများနှင့် ဆက်စပ်နေသော အကြမ်းဖက်သမားလူသစ်များကို ဖိလစ်ပိုင်နိုင်ငံ မာရဝီ မြို့ သို့ မလေးရှားနိုင်ငံ ဆာဗားမှတဆင့် ပို့ဆောင်ပေးရာတွင် ကူညီပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.