Connect with us

Africa & Middle East

ဆော်ဒီက နိုင်ငံခြားသားအလုပ်သမားများ၏ ကြီးစိုးလာမှုကို အဆုံးသတ်ရန် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁.၂သန်း ဖန်တီးပေးမည်

ဆော်ဒီအာရေဗျနိုင်ငံရှိ နိုင်ငံခြားသားလုပ်သားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံအလုပ်သမားဝန်ကြီးဋ္ဌာနက အရေးကြီးသော အလုပ်အကိုင်များတွင် နိုင်ငံခြားသား အလုပ်သမားများ၏ ကြီးစိုးလာမှုကို အဆုံးသတ်ရန် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁.၂သန်း ဖန်တီးပေးမည့် အစီအစဉ်အား စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက မတ် ၁၃ ရက်တွင်ဖော်ပြခဲ့သည်။

အစီအစဉ်၏ ရည်မှန်းချက်မှာ ဆော်ဒီနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်ပွားမှုကို လျှော့ချ၍ ကဏ္ဍပေါင်းစုံရှိ အရေးကြီးသောအလုပ်များတွင် နိုင်ငံခြားသားအလုပ်သမားများ မြင့်မားစွာလိုအပ်နေမှုအား အဆုံးသတ်ရန် ဖြစ်ကြောင်း Al Hayat သတင်းဋ္ဌာနကဖော်ပြခဲ့သည်။ ယင်းအစီအစဉ်အား အကောင်အထည်ဖော်ရန် နိုင်ငံတစ်ဝန်း လေ့ကျင့်သင်ကြားပေးခြင်းနှင့် အခြားသော အစပျိုးမှုလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ဝန်ကြီးဋ္ဌာန က အချို့သော ကဏ္ဍများတွင် အထူးသဖြင့် စီးပွားရေးကဏ္ဍများနှင့် ပတ်သက်သော ကုန်ထုတ်လုပ်မှု နှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အလုပ်အကိုင်များတွင် ဆော်ဒီနိုင်ငံသားများကို လုပ်ကိုင်ခွင့်ပြုရန် သတ်မှတ်ချက်ထုတ်ပြန်ထားကြောင်းသိရသည်။ ဝန်ကြီးဋ္ဌာနက မိုဘိုင်းဖုန်း ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော အလုပ်များတွင် ဆော်ဒီအမျိုးသားနှင့် အမျိုးသမီး ၁၆,၀၀၀ ကျော် အား အလုပ်ခန့်အပ်ပေးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလတွင် ဆော်ဒီအာရေဗျနိုင်ငံက ပြည်တွင်းအင်ဂျင်နီယာ ၁၂၀ဦးအား လေ့ကျင့်သင်ကြားပေးရန် ဗြိတိန်နိုင်ငံသို့စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.