ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသမ္မတ ငုယင်ဖုထရုန် (Nguyen Phu Trong) သည် ၎င်း၏ နှစ်ရက်တာအလည်အပတ်ခရီးစဉ် အတွက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့သို့ ဖေဖော်ဝါရီလ ၂၄...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ North Carolina ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင်ဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုအား သွားရောက်စစ်ဆေးခဲ့ပြီး လူ ၂ဦးသေဆုံးကာ အခြားလူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ကပြောကြားခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့ ရှိ လေဆိပ်တစ်ခုတွင် Biman Banglandesh Airlines မှ ဒူဘိုင်းသို့ သွားရောက်မည့် ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်သို့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူ သေနတ်သမားတစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က...
ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန် မှ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဆီးရီးယားနိုင်ငံ၌ ဖမ်းဆီးရမိထားသည့် IS အကြမ်းဖက်သမား ဒုတိယအသုတ် အယောက် ၁၈၀ ကို ဖေဖော်ဝါရီ လ ၂၃ ရက် နေ့တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှဲပြောင်းရယူခဲ့ကြောင်း...
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂလိုမြို့ရှိ ကားရပ်ကွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ရုတ်တရက် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားအစီးရေ ၃၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတOmar al-Bashirက ဖေဖော်ဝါရီ ၂၃ ရက်တွင် Mohamed Tahir Ayala အား ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ၊ Ahmed Ibn Auf အား ပထမဒုတိယသမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဖေဖော်ဝါရီ ၂၃ ရက်က ကော်ဇောစက်ရုံတစ်ခု အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။