Connect with us

North America

အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့အား ဝါရှင်တန်တွင် (၂)လကြာ စခန်းချရန် ပင်တဂွန်စစ်ဌာနချုပ် ခွင့်ပြု

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် လွှတ်တော်နယ်မြေတွင် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)အား ဆက်လက်နေရာချထားရန် ကာကွယ်ရေးဝန်ကြီး Lloyd Austinကခွင့်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက လွှတ်တော်အဆောက်အဦ အကြမ်းဖက် ဝင်ရောက်စီးနှင်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၅,၁၀၀)ခန့်ကို ဝါရှင်တန်တွင် နေရာချထားခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များကို မူလက မတ် ၁၂ ရက်နေ့တွင် ရုပ်သိမ်းမည်ဖြစ်သည်။ လွှတ်တော်ရဲတပ်ဖွဲ့(USCP)မှ အမျိုးသားအစောင့်တပ်ဖွဲဝင်များကို ချန်ရစ်ထားရန် အကူအညီတာင်းခံခဲ့ရာ ယခုအရံတပ်ဖွဲ့သည် လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ဆိုသည်။

လွှတ်တော်ရဲတပ်ဖွဲ့(USCP)၏ တောင်းဆိုချက်နှင့် လုံခြုံရေးပြင်ဆင်မှုအနေအထား၏သက်ရောက်မှုကို အပြည့်အဝ စဉ်းစားဆင်ခြင်သုံးသပ်ပြီးနောက် တပ်ဖွဲ့လျှော့ချ၍ နေရာချထားရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)နီးပါးသည် မေ ၂၃ ရက် အထိ ဝါရှင်တန်တွင် အခြေစိုက်ထားနိုင်ကြောင်း သိရသည်။

လွှတ်တော်ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းပေးရန် အကူအညီတောင်းခံမှုသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဟန့်တားမှုများရှိခဲ့သည်။ အချို့ပြည်နယ်အနည်းငယ်က မိမိတို့၏ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို မြို့တော်တွင် အချိန်ကြာရှည် စခန်းမချစေလိုကြောင်း သိရသည်။ ပြည်ထောင်စုအစိုးရ၏ဆင့်ခေါ်သည့် အချို့အချိန်များမှလွဲ၍ အမျိုးသားအစောင့်တပ်ဖွဲ့ကို ပြည်နယ်အစိုးရက အဓိကညွှန်ကြားခြင်းဖြစ်သည်။

တပ်ဖွဲ့ဝင်နေရာချထားသည့် အချိန်ထပ်တိုးရခြင်းသည် လက်ရှိ မမြင်နိုင်သည့်ခြိမ်းခြောက်မှုအပေါ် သုံးသပ်မှုများနှင့်သက်ဆိုင်သလို လွှတ်တော်ရဲတပ်ဖွဲ့၏ လက်ရှိလိုအပ်နေသည့် စွမ်းရည်ကို ကူညီအားဖြည့်ရာရောက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူJohn Kirby က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
 
လွှတ်တော်၏လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် ရွှေ့လျားနိုင်သည့်လမ်းပိတ်ဆို့ရေးပစ္စည်းများကို အသုံးပြုရန်နှင့် ဝါရှင်တန်တွင် အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့ကို ထားရှိရန် အကြံပြုထားကြောင်း ရိုက်တာ၏ မတ် ၈ ရက် ထုတ်ပြန်သည့် သတင်းအရင်းအမြစ်များအရ သိရသည်။

ဇန်နဝါရီ ၆ ရက်တွင် ထရမ့်အားပေးထောက်ခံသူများက ရဲတပ်ဖွဲ့၏ပိတ်ဆို့မှုကို ထိုးဖောက်ပြီး လွှတ်တော်အဆောက်အဦအတွင်းသို့ စီးနင်းခဲ့ရာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုခြင်းအခမ်းအနားကို ခေတ္တရပ်နားခဲ့ရသည်။

ထိုဖြစ်ရပ်ကြောင့် သေဆုံးသူ (၅)ဦးရှိပြီး လူပေါင်းစွာ ဒဏ်ရာရခဲ့သည်။ အချင်းဖြစ်ပွားမှုနှင့်ဆက်စပ်သည်ဟု သံသယရှိသူ (၃၀၀)ကျော်ကို တရားဆွဲဆိုထားပြီဖြစ်ရာ ၎င်းတို့အနက် အနည်းဆုံး လူ (၂၈၀) ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။(Xinhua)
———————————————
(Chinese Version)
五角大楼批准国民警卫队留驻华盛顿两个月
2021-03-11 10:01:30
 新华社北京3月11日电(记者包雪琳)美国国防部日前说,国防部长劳埃德•奥斯汀批准继续在首都华盛顿部署近2300名国民警卫队队员,以应对可能的暴力威胁。
国会大厦今年年初遭暴力冲击以来,大约5100名国民警卫队队员被部署在华盛顿以加强安保。
这些人员原定3月12日撤离。国会警察局请求国民警卫队队员留下,说这支美军预备役部队“在强化安保方面发挥重要作用”。
国防部9日发布声明说,全面评估国会警察局的请求并充分考虑对警备状态可能的影响以后,作出减员留驻决定。近2300名国民警卫队队员或在华盛顿驻扎至5月23日。
 国会警察局的增援请求上周遭到抵制,个别州政府不愿派自本州的国民警卫队队员在首都驻扎更久。除个别时候应联邦政府征召,国民警卫队主要由州政府指挥。
 国防部发言人约翰•柯比9日说,延长部署时间,不仅与对潜在威胁的评估有关,也有助于支持国会警察提升目前缺乏的能力。
  路透社以一份8日发布的报告为消息源报道,为加强国会安保,这份报告建议使用“移动路障”并在华盛顿设立快速反应部队。
 1月6日,时任总统唐纳德•特朗普的大批支持者突破警察封锁,闯入国会大厦,迫使2020年总统选举结果认证中断。这一事件导致5人死亡,多人受伤。司法部2月底证实,已经起诉超过300名嫌疑人,执法人员逮捕其中至少280人。

这是1月14日在美国首都华盛顿特区的国会区域拍摄的美国国民警卫队士兵。(新华社发,沈霆摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.