Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံက အီရတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေး ကူညီရန် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

အီရတ်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရောဂါ စစ်ဆေးရန် Swab ရယူနေမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ပထမအကြိမ် လေယာဉ်ဖြင့် ပေးပို့သည့် ကယ်ဆယ်ရေး ပစ္စည်းများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ နှင့် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရတ်နိုင်ငံ သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် စေလွှတ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

လာမည့်သီတင်းပတ်အတွင်း နောက်ထပ် ကယ်ဆယ်ရေးပစ္စည်းများ နှစ်သုတ်ခွဲ၍ ထပ်မံ လွှဲပြောင်း ပေးပို့သွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု ၊ ပူးပေါင်းပေါင်းဆောင်ရွက်မှုတို့ဖြင့်သာ ထိန်းချုပ်ဟန့်တားနိုင်မည် ဖြစ်ကြောင်း ၊ ပါကစ္စတန်နိုင်ငံ၏ အစိုးရ နှင့် ပြည်သူများသည် အီရတ်နိုင်ငံသားများ အခက်အခဲဖြင့်ကြုံတွေ့နေရချိန်တွင် ကူညီရိုင်းပင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ပါကစ္စတန် နိုင်ငံ နှင့် အီရတ်နိုင်ငံတို့သည် ဘက်ပေါင်းစုံ ဆက်ဆံရေး ရှိကြောင်း ၊ ပုံမှန်အဆင့်မြင့် ကိုယ်စားလှယ်အဆင့် အပြန်အလှန်ဖလှယ်မှုများနှင့် ကွဲပြားခြားနားသော နယ်ပယ်ကဏ္ဍများတွင် အားကောင်းသော ပူးပေါင်းဆောင်ရွက်ရေးများ ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)
————————————-
(English Version)
Pakistan sends relief goods to help Iraq’s fight against COVID-19: foreign ministry

ISLAMABAD, March 13 (Xinhua) — Pakistan on Saturday sent a batch of COVID-19-related relief goods to Iraq to help the latter’s fight against the pandemic, the Foreign Ministry of Pakistan said.
“The first plane-load was despatched today in presence of the Chairman of the National Disaster Management Authority, senior officials of the Ministry of Foreign Affairs and the Ambassador of Iraq to Pakistan,” according to a foreign ministry statement.
The next two consignments of relief goods are expected to be sent in the coming week, the statement said.
“The COVID-19 pandemic is a global challenge, which can only be contained with international solidarity and cooperation. The government and people of Pakistan stand by their Iraqi brethren in this difficult time,” the statement added.
The foreign ministry said Pakistan and Iraq have multifaceted relationship, marked by regular high-level exchanges and growing cooperation in diverse fields. Enditem

PHOTO – A healthcare worker collects a swab sample from a man for COVID-19 test in Baghdad, Iraq, on Jan. 31, 2021. (Xinhua photo)