Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် ၆ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၏ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၏ မြို့တော် Quetta အနီး Marwar ဧရိယာရှိ Pir Ismail ကျောက်မီးသွင်းပြိုကျပြီးနောက် အပြင်ဘက်တွင်ထိုင်နေသည့် အလုပ်သမားများအား၂၀၁၈ ခုနှစ် မေ ၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

 

အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Balochistan ပြည်နယ်၏ မြို့တော် Quetta မှ ကီလိုမီတာ ၆၀ခန့်အကွာတွင်ရှိသော မာဝါ (Marwar) ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု မတ် ၁၁ ရက်တွင်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများအား မတ် ၁၂ ရက်အစောပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း Balochistan ၏ သတ္တုတွင်း စစ်ဆေးရေးအကြီးအကဲ Shafqat Fayyaz က ပြောသည်။

မိုင်းလုပ်သားနှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၆ ခုအား တွေ့ရှိခဲ့ကြောင်း၊ ယင်းလုပ်ကွက်အား ပိတ်ထားခဲ့ပြီးဖြစ်ကြောင်း Fayyaz ကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများအရ ယင်းပေါက်ကွဲမှုသည် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ယင်းပေါက်ကွဲမှုတွင် သေဆုံးခဲ့ရသူများသည် Balochistan ပြည်နယ်၏ ဒေသအသီးသီးမှဖြစ်ကြောင်း၊ ရုပ်အလောင်းများအားဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း Fayyaz ကဖြည့်စွက်ပြောကြားသည်။ (Xinhua)
————————————-
(English Version)
Coal mine explosion kills 6 in SW Pakistan
ISLAMABAD, March 12 (Xinhua) — An explosion in a coal mine in Pakistan’s southwestern Balochistan province killed at least six miners, officials said on Friday.
Chief Inspector of Mines in Balochistan Shafqat Fayyaz said the rescue operation was completed early Friday after the explosion occurred in Marwar coal mine, some 60 km from Quetta, the provincial capital of Balochistan province, on Thursday.
Fayyaz said in a statement that six bodies were found while two miners were rescued alive and the mine field has been sealed.
The official said an investigation into the incident has been ordered. Local media reported that initial investigation revealed the explosion was triggered by gas leakage.
The miners killed in the blast belonged to different areas of Balochistan, Fayyaz said, adding that bodies have been shifted to hospital. Enditem

Photo-Workers sit outside a collapsed coal mine in Pir Ismail, Marwar area near Quetta, the provincial capital of Balochistan, southwestern Pakistan, on May 5, 2018.