Connect with us

Latin America

တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းအား လက်မခံပယ်ချကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်ပြုလုပ်သော အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဟားဗားနား၊မတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် အထူးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပယ်ချကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကျေးဇူးကြောင့် ဟောင်ကောင်(HKSAR)သည် ၎င်း၏ ခိုင်မာသည့် ဖွဲ့စည်းပုံပြဌာန်းချက် နှင့် တရားဝင်တည်ရှိမှုမှာ တရုတ်နိုင်ငံ၏ လုံးဝခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခြင်းဖြစ်ကြောင်း Rodriguez က မတ် ၁၃ ရက်တွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

 ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းအား လက်မခံကြောင်း တွစ်တာတွင်ရေးသားဖော်ပြထားစဉ်(ဆင်ဟွာ)

 ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရွေးကောက်ပွဲစနစ် ပိုမိုတိုးတက်ကောင်းမွန်စေမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို တရုတ်နိုင်ငံ၏ထိပ်တန်း ဥပဒေပြုအဖွဲ့က မတ် ၁၁ ရက်တွင် အတည်ပြု ပြဌာန်းခဲ့ပြီး ယင်းမှာ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချက်ဒေသအား စီမံအုပ်ချုပ်ရန် ဟောင်ကောင် အုပ်ချုပ်ရေးမှူး နှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်များအား ရွေးချယ်ရာ၌ မျိုးချစ်စိတ်ရှိသူများကသာ ဦးဆောင်စေမည့် ပြုပြုပြောင်းလဲရေးပုံစံ ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————-
(English Version)
Cuban FM voices rejection of foreign interference in China’s internal affairs
HAVANA, March 13 (Xinhua) — Cuba rejects foreign interference in China’s internal affairs, particularly regarding the Hong Kong Special Administrative Region (HKSAR), Cuban Foreign Minister Bruno Rodriguez has said.
The HKSAR is an inseparable part of China’s territory, whose institutionality and legality have been guaranteed thanks to the one-China principle, Rodriguez tweeted Thursday.
China’s top legislature Thursday adopted a decision on improving the electoral system of the HKSAR, unveiling a series of measures that will reform how the region’s chief executive and local lawmakers are elected to ensure the financial hub is run by patriots. Enditem
Photo caption- Cuban foreign minister Bruno Rodriguez joins meeting in Havana, captial of Cuba, Sept. 9, 2019. (Photo by Joaquin Hernandez/Xinhua)