Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ခန်းဖွင့်အကျယ်ဆုံးရထားလမ်းအပိုင်း ချိတ်ဆက်မှု အောင်မြင်စွာ ပြီးစီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတစ်ခုလုံးတွင် ခန်းဖွင့်အကျယ်ဆုံးအပိုင်း ရထားလမ်းယက်မချိတ်ဆက်ထားသည့် လုပ်ငန်းခွင်အား မတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ မတ် ၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ခန်းဖွင့်ကျယ်ဆုံး ရထားလမ်းအပိုင်း DK20+156 ယက်မချိတ်ဆက်မှုသည် မတ် ၈ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း၏ အဓိကဆောက်လုပ်ရေးလုပ်ငန်းအစိတ်အပိုင်းတစ်ခု၏ ကြီးမားသည့် တိုးတက်မှုတစ်ခုပင် ဖြစ်သည်။

DK20+156 ချိတ်ဆက်တံတားယက်မ၏ စုစုပေါင်းအရှည် (၂၇၃.၆)မီတာရှိရာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတစ်လျှောက် ခန်းဖွင့်အကျယ်ဆုံးဖြစ်ပြီး အပြန်အလှန်ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြိုးတံတားနှင့်ချဉ်းကပ်လမ်းနှစ်ခုကို ခွကျော်တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးပြေးလမ်းမတွင် သွားလာနေသည့် ယာဉ်အရေအတွက်များပြားသလို အနီးပတ်ဝန်းကျင်နေအထားရှုပ်ထွေးရာ အန္တရာယ်များသော နေရာဖြစ်ကြောင်းသိရသည်။

 အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတစ်ခုလုံးတွင် ခန်းဖွင့်အကျယ်ဆုံးအပိုင်း ရထားလမ်းယက်မချိတ်ဆက်ထားသည့် လုပ်ငန်းခွင်အား မတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

China Railway Group၏ ကုမ္ပဏီဖြစ်သည့် China Railway International Group(CREC)မှ ဦးဆောင်သည့် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းပူးတွဲအဖွဲ့သည် ဒေသအရင်းအမြစ်ကို ထိုက်လျောက်စွာအသုံးပြုဆောင်ရွက်နိုင်ခဲ့ရာ ကပ်ရောဂါကာလတွင် ရောဂါကာကွယ်ရေးလုံခြုံမှုနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများကို အားသွန်ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းဆောင်လုပ်ရေးလုပ်ငန်းခွင်တွင် အင်ဒိုနီးရှားဒေသခံ ဆောက်လုပ်ရေးကဏ္ဍကျွမ်းကျင်သူမြောက်မြားစွာကို ပျိုးထောင်ပေးနိုင်ခဲ့ပြီး လုပ်ငန်းထိရောက်မှုကို စံချိန်တင်ဆောင်ရွက်နိုင်ခဲ့သည်။ လက်ရှိအချိန်ထိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတစ်ခုလုံး ယက်မ(၂၈)ခုတွင် (၁၄)ခု ချိတ်ဆက်ပြီးဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်နှုန်းမြင့်ရထားလမ်းလုပ်ငန်းခွင်တွင် တရုတ်နိုင်ငံဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများအား ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ရေး(BRI) နှင့် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းတည်ဆောက်မှု၏ ပြယုဂ်စီမံကိန်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာနှင့် စတုတ္ထအကြီးဆုံးမြို့ ဘန်ဒေါင်းအကြား ချိတ်ဆက်သည့် အဆိုပါ ရထားလမ်း၏ စုစုပေါင်းအရှည်သည် (၁၄၂)ကီလိုမီတာခန့်ရှိပြီး တစ်နာရီလျှင် အမြင့်ဆုံးမြန်နှုန်း ကီလိုမီတာ(၃၅၀)အထိ မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ရထားလမ်းဆောက်လုပ်ပြီးစီးပါက ဂျကာတာမှ ဘန်ဒေါင်းသို့ သွားရောက်ချိန်သည် လက်ရှိ (၃)နာရီကျော်ကြာမောင်းနှင်ရရာမှ မိနစ်(၄၀)ခန့်တွင်ရောက်ရှိနိုင်မည်ဖြစ်ရာ ဒေသစီးပွားရေးနှင့် အများပြည်သူ အဆင်ချောမွေ့စွာ သွားလာရေးအတွက် ထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)印尼雅万高铁全线最大跨度连续梁成功合龙

  新华社雅加达3月8日电(记者余谦梁 郑世波)印尼雅万高铁全线最大跨度DK20+156连续梁8日安全精准合龙,标志着雅万高铁建设又一控制性重难点工程取得重大进展。

 DK20+156刚构连续梁全长273.6米,是雅万高铁全线跨度最大的连续梁,跨越高速公路互通斜拉桥及两个匝道,高速公路行车密集,周边环境复杂、安全风险高。

  国铁集团所属中国铁路国际公司牵头的中方施工联合体合理整合利用当地资源,在疫情期间采取强有力措施,在确保防疫安全的同时,在该工点培养了大批印尼当地专业施工人员,创造了高效施工纪录。截至目前,雅万高铁全线28座连续梁已合龙14座。
  雅万高铁是“一带一路”建设和中印尼两国务实合作的标志性项目,连接印尼首都雅加达和第四大城市万隆,全长约142公里,最高设计时速350公里,建成通车后从雅加达至万隆的时间将由现在的3个多小时缩短至40分钟左右,可以有效促进当地经济发展和方便民众出行。(完)
新华社照片,勿加泗(印度尼西亚),2021年3月8日

图说(1,2):印尼雅万高铁全线最大跨度连续梁成功合龙
这是3月8日在印度尼西亚勿加泗拍摄的雅万高铁全线最大跨度连续梁合龙现场。
图说3: 1月19日,在印度尼西亚雅万高铁轨道板预制场,中方施工人员(中)指导当地员工进行轨道板模具清理和预埋件安装。(新华社记者叶平凡摄)