ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် မြောက်ပိုင်း ဆင်ခြေဖုန်းတွင် တရုတ်-လာအို ရထားလမ်းအတွက် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများကို တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က ဇွန် ၁၈ ရက်တွင် ဂဟေဆော်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)ကုလသမဂ္ဂဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ၍ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှတစ်ဆင့် ပေါ်လွင်လာသော လူမျိုးရေးခွဲခြားဆက်ဆံမှု နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုစသည့် ပြသာနာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန်...
ပြုံယမ်း ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယခင်-စစ်မဲ့ဇုန် (Kaesong စက်မှုဇုန်) နှင့် Kumgang တောင်တန်းဒေသများတွင် မကြာမီကာလအတွင်း တပ်ချထားမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မနီလာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ပထမငါးလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) အာဖရိကနွယ်ဖွား လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်(George Floyd) ဝမ်းနည်းကြေကွဲဖွယ် သေဆုံးရခြင်းနှင့် နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံ၌ဖြစ်ပွားလျက်ရှိသော အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများကို ဦးတည်သည့် အကြမ်းဖက်မှုများအား အထူးအလေးထား အာရုံစိုက်လျက်ရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လူမျိုးရေးခွဲခြားဆက်ဆံမှုအဆုံးသတ်နိုင်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ...
ကာတာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား လေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Riau ပြည်နယ်၌ ယနေ့တွင် ပျက်ကျသွားခဲ့ကြောင်း ၊ သို့သော် ထိခိုက်သေဆုံးမှု မရှိကြောင်း အင်ဒိုနီးရှားလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမလေတပ်ဦးစီးချုပ် Fajar Adriyanto က ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အာဖရိကန်အမေရိကန် လူမဲအမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် မကျေနပ်၍ အမေရိကန်နိုင်ငံတစ်ဝန်းလုံးတွင် လူပေါင်းများစွာဆန္ဒပြပွဲများ ပြုလုပ်နေမှုသည် “ ကာလရှည်ကြာစွာ အမြစ်တွယ် တည်ရှိနေခဲ့သော အလွန်ခက်ခဲနက်နဲသည့် ပြည်တွင်းအကျပ်အတည်းပြဿနာရပ်တစ်ခု ”ဟု ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ပြောကြားလိုက်သည်။