တီဟီရန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတဟတ်ဆန်ရိုဟာနီက ယခုရက်ပိုင်း၌ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ရေဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတကာ၏ ပြန်လည်ထူထောင်ရေးအကူအညီများကို အီရန်သို့ပေးပို့ခွင့်မရအောင် အမေရိကန်က တားဆီးပိတ်ပင်မှုများပြုလုပ်နေကြောင်း ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mevlut Cavusoglu က တူရကီနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်များဝယ်ယူရေး သဘောတူညီချက်မှ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရာဘတ်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၃ ရက် နံနက်က ဆိုးဝါးသည့်ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား ရာ လူ ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံရဲတပ်ဖွဲ့က မြောက်ကော့ကေးဆပ်ဒေသ Kabardino-Balkaria ပြည်နယ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ နှစ်ဦးကို အသေပစ်သတ်ခဲ့ကြောင်း ရုရှားအမျိုးသား အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာနှင့် ပတ်သက်၍ ကွန်ဂရက်နှင့် သဘောတူညီချက် မရရှိခဲ့ပါက တောင်ပိုင်းနယ်စပ်အား ၁၀၀ ရာခိုင်နှုန်း ပိတ်ပစ်ရန် အသင့်ရှိကြောင်း ဧပြီလ ၂ ရက်တွင် သတိပေးလိုက်သည်။
ကန်ဘာရာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံက ပြည်ပအကူအညီဘတ်ဂျက်အား သြစတြေးလျဒေါ်လာ ၁၁၇ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်း) ခန့် လျှော့ချသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အစ္စတန်ဘူလ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တူရကီအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သော ဆီးရီးယားကာ့ဒ်စစ်သွေးကြွများအပေါ် ထောက်ခံမှုပြုလုပ်နေလင့်ကစား တူရကီအစိုးရအား ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်ဝယ်ယူရေး အစီအစဉ်ကို စွန့်လွှတ်ရန် နှင့် အီရန်အပေါ် ပိတ်ဆို့မှုများပြုလုပ်ရေး လေ့လာမှုများပြုလုပ်သွားရန် ဖိအားပေးနေခြင်းမှာ တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အငြင်းပွားမှုများဖြင့်...
လန်ဒန်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂမှ ဗြိတိန် စနစ်တကျ နုတ်ထွက်နိုင်ရန်နှင့် လက်ရှိအကျပ်အတည်းအခြေအနေကို အချိန်ယူဖြေရှင်းနိုင်ရန်အတွက် Brexit အချိန် ထပ်မံရွှေ့ဆိုင်းဖို့ ဥရောပသမဂ္ဂသို့ လျှောက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဧပြီ ၂ ရက် ညပိုင်းက အမှတ် (၁ဝ) ဒေါင်းနင်းလမ်း(Downing...
ဘာလင် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ တွင် မြို့ကြီးများ ၏ ဆင်းရဲနွှမ်းပါးမှု ရာခိုင်နှုန်း သည် တစ်နိုင်ငံလုံး ၏ ပျှမ်းမျှရာခိုင်နှုန်း ထက် မြင့်တက်နေပြီး မြို့ကြီး များ ၌ ဆင်းရဲနွှမ်းပါးမှု ပြဿနာ ပိုမို ဆိုးရွားစွာ...
အယ်လ်ဂျီးယား၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ Abdelaziz Bouteflika က သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးမည့် ဧပြီ ၂၈ ရက်မတိုင်မီ ဧပြီ ၂ရက်တွင်ကြေညာခဲ့သည်ဟု နိုင်ငံပိုင် APS သတင်းဌာနက ဖော်ပြခဲ့သည်။