Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ၃၄ နှစ် ကြာပြီးနောက် ပညာရေး မူဝါဒသစ် ထုတ်ပြန်

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ၂၀၁၉ ခုနှစ်က ကျင်းပသည့် နိုင်ငံတကာ သိပ္ပံပွဲတော်၌ လာရောက်လေ့လာသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် အဆင့်မြင့်ပညာရေးကဏ္ဍတွင် အဓိကပြုပြင်ပြောင်းလဲမှုများ၊ အကဲဖြတ်နည်းလမ်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် မိခင်ဘာသာစကားဖြင့် သင်ကြားသည့် ကလေးငယ်များ၏ အခြေခံ ပညာသင်ကြားမှုများ ပါဝင်သော ပညာရေးမူဝါဒသစ်ကို အိန္ဒိယနိုင်ငံ အစိုးရက ဇူလိုင်၂၉ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ဖက်ဒရယ်အစိုးရ၏ ထုတ်ပြန်ချက်အရ ယခုမူဝါဒသည် ၂၁ ရာစု၏ ပထမဆုံးသော ပညာရေးမူဝါဒဖြစ်ပြီး ၃၄ နှစ်ကြာပြီဖြစ်သည့် ၁၉၈၆ အမျိုးသား ပညာရေးမူဝါဒဟောင်းကို အစားထိုးလိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အိန္ဒိယအစိုးရက ယခင် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးဝန်ကြီးဌာနကိုလည်း ပညာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲခဲ့သည်။

“၂၀၂၀ အမျိုးသား ပညာရေး မူဝါဒသစ်” (NEP-2020) သည် စာသင်ကျောင်းများနှင့် အဆင့်မြင့် ပညာရေးစနစ်များတွင် ပြုပြင်ပြောင်းလဲမှုများအတွက် လမ်းဖွင့်ပေးခဲ့သည်။ မူဝါဒသစ်သည် ၂၀၃၀ ပြည့်နှစ်တွင် မူကြိုကျောင်းမှ အလယ်တန်းအဆင့်အထိ ကျောင်းအပ်နှံမှုအချိုး (GER) ၁၀၀ ရာခိုင်နှုန်းပြည့်ရှိခြင်းဖြင့် အားလုံးပါဝင်သောပညာရေးစနစ်အတွက်လည်းရည်ရွယ်ထားခြင်းဖြစ်သည်။

အဆင့်မြင့်ပညာရေး တွင် ကျောင်းအပ်နှံမှုနှုန်းသည် ၂၀၃၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဖြစ်ပြီး ကျောင်းသားဦးရေ ၃၅ သန်းခန့်ပိုမိုပါဝင်လာမည် ဖြစ်သည်။

ထို့ပြင် ကျောင်းမနေသည့် ကလေးသူငယ် သန်း၂၀ ကိုလည်း ကျောင်းတက်ရောက်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

၂၀၂၀ အမျိုးသား ပညာရေး မူဝါဒသစ်အရ ကျောင်းပညာရေး ၁၂ နှစ်နှင့် မူကြိုပညာရေး ၃ နှစ်တို့ ပါဝင်မည့် ကျောင်းသင်ရိုးသစ်ကို မိတ်ဆက်သွားမည်ဖြစ်သည်။ 

နိုင်ငံတစ်ဝန်း ပြည်နယ်များတွင် မိခင်ဘာသာစကား (သို့မဟုတ်) ဒေသသုံး ဘာသာစကားဖြင့် အနည်းဆုံး ၅ တန်း (Grade-5) အထိ သင်ယူကြရမည်ဖြစ်ကြောင်း NEP-2020 အရ သိရသည်။

မူဝါဒသစ်အရ ကျောင်းသင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းများသည် ၂၁ ရာစု အဓိကကျွမ်းကျင်မှုများ သင်ကြားပေးခြင်း၊ မရှိမဖြစ် သင်ယူလေ့လာမှုနှင့် ဖြန့်ကျက်တွေးခေါ်မှု တိုးတက်စေရန်နှင့် အတွေ့အကြုံအခြေခံသော လေ့လာသင်ယူမှုအသစ်များအပေါ် ပိုမိုအာရုံစိုက်နိုင်ရန် သင်ရိုးမာတိကာများ လျှော့ချခြင်းဖြင့် ကျောင်းသားများအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်သွားမည် ဖြစ်သည်။ 

ကျောင်းသူကျောင်းသားများအနေဖြင့် ဘာသာရပ်များရွေးချယ်ရာတွင် ပိုမို ပြောင်းလွယ်ပြင်လွယ်ရှိလာမည် ဖြစ်သည်။ သိပ္ပံနှင့် ဝိဇ္ဇာ ဘာသာရပ်များအကြား၊ သင်ရိုးနှင့် ထပ်ဆောင်းသင်ရိုး လုပ်ဆောင်မှုများအကြား၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ဘွဲ့ရများအကြား တင်းကျပ်သည့် ခွဲခြားမှုများ ရှိတော့မည်မဟုတ်ပေ။

အသက်မွေးဝမ်းကျောင်းပညာရေးကိုလည်း စာသင်ကျောင်းများတွင် ၆ တန်း (Grade-6) မှစတင်သွားမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်းသင်ယူမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117