Connect with us

Asia

 စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် က တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေး သည် အာရှဒေသ ရေရှည်တည်ရေးငြိမ် နှင့် ဖွံ့ဖြိုးရေးအတွက် အခြေခံ ဖြစ်ကြောင်း ပြောကြား

စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း မိန့်ခွန်းပြောကြားနေသည် ကို တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

 စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အမေရိကန်နိုင်ငံ Atlantic Council နှင့် ကျင်းပ ပြုလုပ်သည့် ဗီဒီယို အစည်းအဝေး တွင် နောက်လာမည့် ရွေးကောက်ပွဲ တွင် အနိုင်ရရှိသည့် အမေရိကန် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး တည်ငြိမ်မှု ရရှိအောင် ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းက အာရှဒေသ ရေရှည်တည်ငြိမ်အေးချမ်းရေး နှင့် စည်ပင် ဖွံ့ဖြိုးရေးအတွက် အခြေခံအကြောင်းတရားဖြစ်ကြောင်း ၊ နောက်လာမည့် အမေရိကန် နိုင်ငံ သမ္မတ အနေဖြင့် ပါတီ နှစ်ခုလုံး ၏ သဘောတူညီမှုကို ရရှိနိုင်အောင်ဆောင်ရွက်ပြီး တည်ငြိမ်၍ ခန့်မှန်း နိုင်သော နိုင်ငံခြားရေး မူဝါဒ ကို ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက် တွင် ပြောကြား ခဲ့သည်။ 

လီရှန်လွန်းက အမေရိကန် နိုင်ငံ ၌ မည်သူ ရွေးကောက်ပွဲ တွင် အနိုင်ရရှိသည် ဖြစ်စေ စင်ကာပူ နိုင်ငံ အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းစေလိုကြောင်း ၊ အမေရိကန် ရီဘတ်ပလီကန် နှင့် ဒီမိုကရက် ပါတီ နှစ်ခုအကြား တွင် အမေရိက-အာရှ မူဝါဒ နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အမေရိကန် နှင့် အာရှဒေသ နိုင်ငံများအကြား ဆက်ဆံရေး တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းသွားရမည် ဖြစ်ပြီး အစိုးရ အပြောင်းအလဲကြောင့် ရပ်တည်မှု မပြောင်းလဲအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီရှန်လွန်းက စင်ကာပူ နိုင်ငံ အနေဖြင့် 5G ကွန်ရက်တင်ဒါများကို စုဆောင်းရာတွင် ဟွာဝေ ကုမ္ပဏီ ကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း ၊ စင်ကာပူ နိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်သူများ က ဟွာဝေ နှင့် ပူးပေါင်းဆောင်ရွက်ရန် မရွေးချယ် ခဲ့သော်လည်း ဟွာဝေ နိုင်ငံ အနေဖြင့် စင်ကာပူ နိုင်ငံ 5G ကွန်ရက် တည်ဆောက်ရာတွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။  (Xinhua)