Connect with us

News

ဂျာမနီ နိုင်ငံ ခရီးသည် လေယာဉ် တစ်စင်း ဗုံးဖောက်ခွဲမည် ဟုခြိမ်းခြောက်ခံရ သဖြင့် အရေးပေါ်ဆင်းသက် ခဲ့ရ

Eurowings လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အိုမန် မှ ဂျာမနီ နိုင်ငံ သို့ ပျံသန်း သည့် ဂျာမနီ ခရီးသည် လေယာဉ် တစ်စင်း သည် ဇန်နဝါရီ ၁၅ ရက် က စတင် ထွက်ခွာ ပြီးချိန်တွင် ဗုံးဖောက်ခွဲမည် ဟူသော ခြိမ်းခြောက်မှု ကို ခံခဲ့ရသဖြင့် ကူဝိတ် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ အရေးပေါ် ဆင်းသက် ခဲ့ရကြောင်း သိရှိရသည်။

ကူဝိတ် လေကြောင်းအရာရှိ၏ ပြောကြားချက်အရ Eurowings လေကြောင်းလိုင်းမှ လေယာဉ် သည် အိုမန် နိုင်ငံ Salalah မှ ဂျာမနီ နိုင်ငံ Cologne သို့ ပျံသန်း စဉ် အတွင်း လေယာဉ်မှူး က ကူဝိတိ နိုင်ငံ တွင် အရေးပေါ် ဆင်းသက်ရန် ခွင့်ပြုမိန့်တောင်း ခဲ့ပြီး ကူဝိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လေကြောင်းအရာရှိ က လေယာဉ်ပေါ်ရှိ ခရီးသည် ၂၉၉ ဦး အားလုံးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကနဦး စစ်ဆေးချက်များအရ လေယာဉ်ပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းကို မတွေ့ရှိသေးကြောင်း ပြောကြား ခဲ့သည်။

Eurowings လေကြောင်း ကုမ္ပဏီ မှ ပြောရေးဆိုခွင့် ရှိသူမှလည်း ဤ အဖြစ်အပျက် ကို အတည်ပြုကြောင်း ပြောကြား ခဲ့ပြီး လေယာဉ်ပေါ်တွင် ဗုံးပါရှိသည့် သက်သေအထောက်အထား မတွေ့ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.