ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မာကျားနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
ကိုင်ရို၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) ဆူဒန်လေတပ်သည် ဩဂုတ် ၆ ရက်တွင် ၎င်းနိုင်ငံအနောက်ပိုင်း တောင်ဒါဖာပြည်နယ် မြို့တော်ညာလာ၌ ကိုလံဘီလာ ကြေးစားတပ်သားများ တင်ဆောင်လာသော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) လေယာဉ်တစ်စင်းအား ဖျက်ဆီးခဲ့ရာ ကြေးစားတပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ဆူဒန်ရုပ်မြင်သံကြားက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။...
ချိန်တူး၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) အမျိုးသားကျွမ်းဘားကစားသမားတစ်ဦးဖြစ်သူ ရှီကျင်းဝေနှင့် အမျိုးသမီး ရိုလာစကိတ်စီး အားကစားသမား ကောသန်းတို့သည် သြဂုတ် ၇ ရက်၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအလံသယ်ဆောင်သူများအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့က ကြေညာခဲ့သည်။ လွန်ခဲ့သည့်နှစ်က ပေါ်တူဂီနိုင်ငံတွင်ပြုလုပ်သော...
နယူးယောက်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူမှုကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံမှ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကြေညာပြီးနောက် ၂၁ ရက်အကြာတွင်...
ဘန်ဒါဆရီဘီဂါဝန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုက ဘရူနိုင်းနိုင်ငံ၏ ၂၀၃၅ ရည်မှန်းချက် အောင်မြင်ရေး အတွက် အထောက်အကူဖြစ်ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက သြဂုတ် ၅ ရက်တွင်ပြောကြားခဲ့သည်။ ဘရူနိုင်းနိုင်ငံသည် အခြားသောနိုင်ငံများနှင့် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး၊ အာဆီယံ၊ ဓနသဟာယနိုင်ငံများအသင်း၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂ...