ပေကျင်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လေဆိပ်သစ်သုံးခုတည်ဆောက်သွားမည် ဖြစ်ပြီး ဒေသ၏ ပြီးပြည့်စုံသောသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန(CAAC)ထံမှ သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် COVID-19 လူနာများအတွက် အောက်စီဂျင်ဆလင်ဒါအိုးများ ပြင်ဆင်နေပြီး Quarantine စင်တာများ တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ဆော်ပိုလို ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၉,၃၈၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄,၀၄၃,၀၇၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19...
မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အချို့တွင် သီတင်းပတ်နှစ်ပတ်အတွင်း လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ပြီးနောက် ပြည်နယ် ငါးခုတွင် ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးဝန်ထမ်းများအား တရုတ်နိုင်ငံ CanSino ဆေးဝါးကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။