Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်း) ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄ သန်းကျော်အထိရှိလာ

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်တွင် ဧပြီ ၁၉ ရက်၌ ပြည်သူများ ဈေးဝယ်ရန် ကုန်တိုက်တွင် တန်းစီနေကြသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆော်ပိုလို ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၉,၃၈၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄,၀၄၃,၀၇၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃,၃၂၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၇၈,၀၀၃ ဦးအထိရောက်ရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁၂,၅၆၁,၆၈၉ ဦးရှိကြောင်း သိရှိခဲ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးထုတ်ပြန်ခဲ့သောစာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ပေါ်၌ COVID-19 ရောဂါကူးစက်ခံရသူ တတိယ အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့ထက်လျော့နည်းကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူမှာ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံထက် အနည်းငယ်သာ လျော့နည်းကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသတင်းမီဒီယာက ကျန်းမာရေးဌာနမှ ထုတ်ပြန်သော ကြေညာချက်များအား စာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် ဧပြီ ၂၀ ရက်အထိ တစ်ပတ်အတွင်း နေ့စဉ် COVID-19 ရောဂါထပ်မံကူးစက်ခံရသူမှာ ပျှမ်းမျှအားဖြင့် ၆၄,၁၈၈ ဦးရှိခဲ့ပြီး လွန်ခဲ့သော နှစ်ပတ်အချိန်ကထက် ၁ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် နေ့စဉ်သေဆုံးသည့်လူဦးရေမှာ ၂,၈၃၀ ဦးရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပတ်အချိန်ကထက် ၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံတွင် ဆော်ပိုလိုပြည်နယ်သည် ကပ်ရောဂါအခြေအနေ အဆိုးရွားဆုံးဖြစ်ပွားနေသည့် ပြည်နယ်ဖြစ်ကြောင်း သိရှိရသည်။ ဆော်ပိုလိုပြည်နယ်အစိုးရ၏ ဧပြီ ၂၀ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂,၇၆၉,၃၆၀ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၈၉,၆၅၀ ဦးရှိကြောင်း သိရှိရသည်။ ဆော်ပိုလိုပြည်နယ်တွင် ဆေးကုသမှုနေရာများတိုးမြင့်လာမှုကြောင့် ဧပြီ ၁၉ ရက်တွင် ပြည်နယ်တစ်ခုလုံးတွင် ICU (အထူးကြပ်မတ်ကုသခန်း)အသုံးပြုမှုရာခိုင်နှုန်းသည် ဧပြီ ၅ ရက်တွင် ၉၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်း ၊ ဧပြီ ၁၉ ရက်တွင် COVID-19 ရောဂါကြောင့် ဆေးရုံတက်ကုသရသည့်လူနာက ဧပြီ ၅ ရက်တွင် ၃,၀၂၉ ဦးမှ ၂,၄၀၀ ဦးအထိကျဆင်းလာခဲ့သော်လည်း ယခင်နှစ်ကပ်ရောဂါအဆိုးရွားဆုံးအချိန်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေးကြီးကြပ်မှုဌာန က ဧပြီ ၂၀ ရက်၌ အမေရိကန်နိုင်ငံ Regeneron Pharmaceuticals ကုမ္ပဏီ မှ ဆေးဝါးကုသမှုနည်းလမ်းတစ်မျိုးဖြင့် COVID-19 ရောဂါကူးစက်ခံထားရသူအချို့အား အရေးပေါ်ကုသမှုဆောင်ရွက်သွားရန် ခွင့်ပြုပေးခဲ့သည်။ ယင်းဆေးဝါးကုသမှုနည်းလမ်းသည် Monoclonal antibody နှစ်မျိုးအား တစ်ချိန်တည်းအသုံးပြု၍ COVID-19 ရောဂါကူးစက်ခံထားရသူ နှင့် စိုးရိမ်လူနာဖြစ်လာဖွယ်ရှိသူ သို့မဟုတ် အန္တရာယ်များသည့် လူနာများအား ကုသမှုဆောင်ရွက်ခဲ့သော်လည်း အောက်စီဂျင်ထောက်ပံ့မှုပေးနေရသော လူနာများ နှင့် ကလေးသူငယ်များအတွက် ကုသမှုဆောင်ရွက်ရန် မပြုလုပ်နိုင်ကြောင်း သိရသည်။ လတ်တလောရက်ပိုင်းအတွင်း ဘရာဇီးနိုင်ငံကျန်းမာရေးကြီးကြပ်မှုဌာနအနေဖြင့် Remdesivir ဆေးအား COVID-19 ရောဂါဝေသနာရှင်များအား ကုသမှုဆောင်ရွက်ရန် အရေးပေါ်ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။ (Xinhua)
——————————————-
(Chinese Version)
(国际疫情)巴西累计新冠确诊病例超1400万例

  新华社圣保罗4月20日电(记者宫若涵)巴西卫生部20日公布的最新数据显示,该国24小时内新增新冠确诊病例69381例,累计确诊14043076例;新增死亡病例3321例,累计死亡378003例;累计治愈12561689例。
  根据世界卫生组织的最新统计,目前巴西累计新冠确诊病例数排在全球第三,低于美国和印度,累计死亡病例数排在全球第二,仅低于美国。
  巴西主流媒体根据各州卫生厅公布的数据联合统计得出,在截至本月20日的一周里,巴西平均每日新增确诊病例64188例,比两周前的数据上涨了1%;平均每日新增死亡病例2830例,比两周前的数据上涨了3%。
  圣保罗州是巴西疫情最严峻的州。根据圣保罗州政府20日公布的最新数据,该州累计新冠确诊病例2769360例,累计死亡病例89650例。得益于病床数量的增加,19日全州重症监护病床使用率已经从本月5日的超过90%降至80%;19日因新冠住院的人数也从5日的3029人降至2400人,但依然比去年疫情最严重的时候高出25%。
  巴西卫生监督局20日批准紧急使用美国再生元制药公司一种抗体疗法治疗部分新冠病人。这种疗法同时运用两种单克隆抗体,用于治疗确诊感染新冠以及可能发展为重症或住院的高风险患者,但不适用于需要接受吸氧治疗的患者,也不能用于儿童。此前,巴西卫生监督局曾批准紧急使用抗病毒药物瑞德西韦治疗新冠患者。(完)

Photo
这是4月19日,民众在巴西圣保罗排队等候进入商店购物。新华社发(拉赫尔•帕特拉索摄)