Connect with us

WORLD

မက္ကဆီကိုနိုင်ငံတွင် တရုတ်နိုင်ငံထုတ် CanSino ကာကွယ်ဆေးဖြင့် ဆရာ၊ ဆရာမများအား COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ရှိ မက္ကဆီကိုစီးတီးနိုင်ငံတကာလေဆိပ်တွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်သေတ္တာအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အချို့တွင် သီတင်းပတ်နှစ်ပတ်အတွင်း လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ပြီးနောက် ပြည်နယ် ငါးခုတွင် ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးဝန်ထမ်းများအား တရုတ်နိုင်ငံ CanSino ဆေးဝါးကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရ ကျန်းမာရေးအာဏာပိုင်များက Coahuila ၊ Nayarit ၊ Tamaulipas ၊ Veracruz နှင့် Chiapas စသည့်ပြည်နယ်ငါးခုတွင် ပညာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်နယ်များတွင် မူလတန်းမှ တက္ကသိုလ်အဆင့်အထိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် စာသင်ကျောင်းများမှ ဆရာ၊ ဆရာမ ၅၂၉,၉၈၉ ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ အခြားသော ပြည်နယ်များအား ဖြည်းဖြည်းချင်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒုတိယ ကျန်းမာရေးဝန်ကြီး Hugo Lopez-Gatell က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မက္ကဆီကို အစိုးရအနေဖြင့် တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော CanSino ကာကွယ်ဆေးများဖြင့် ပညာရေးကဏ္ဍမှ လူဦးရေ ၃ သန်းကျော်ကို ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်း၊ မေလတွင် စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း Lopez-Gatell က ဖြည့်စွက်ပြောခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ဧပြီ ၁၉ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄.၅ သန်းကျော်ရှိပြီဖြစ်ကြောင်း၊ အများစုမှာ အသက် ၆၀ နှစ်အထက်နှင့် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း၊ ကာကွယ်ဆေး ၁၈.၈ သန်းကျော် ဖြန့်ချိထားပြီး ဖြစ်ကြောင်း Lopez-Gatell ၏ အစီရင်ခံစာအရ သိရသည်။ မက္ကဆီကိုနိုင်ငံ၌ ဧပြီ ၁၉ ရက်အထိ COVID-19 ရောဂါဖြစ်ပွားမှု ၂.၃ သန်းကျော်နှင့် သေဆုံးမှု ၂၁၂,၀၀၀ ဦးရှိပြီဖြစ်သည်။ (Xinhua)

——————————————-
(English Version)

Mexico kicks off COVID-19 immunization of teachers with Chinese CanSino vaccine
Source: Xinhua| 2021-04-21 08:39:24|Editor: huaxia
MEXICO CITY, April 20 (Xinhua) — Mexico launched its immunization plan against COVID-19 for teachers and other educational personnel in five states on Tuesday with vaccines from Chinese pharmaceutical firm CanSino, after announcing the return to in-person classes in some states in two weeks.
Federal and state health authorities started the immunization program for educational staff in the states of Coahuila, Nayarit, Tamaulipas, Veracruz and Chiapas.
Deputy Health Minister Hugo Lopez-Gatell detailed during a press conference that 529,989 teachers are expected to be immunized in these states, both in private and public schools from elementary to university levels, with a gradual extension to other states.
The Mexican government plans to inoculate the more than 3 million people in the education sector with CanSino vaccines, which only require one dose, according to Lopez-Gatell, who added that with that, “we plan to return to classes” in May.
Over 14.5 million people had been vaccinated in Mexico as of Monday, mostly people over 60 years old and medical personnel, while more than 18.8 million vaccines have been distributed, according Lopez-Gatell’s report.
As of Monday, Mexico had accumulated more than 2.3 million COVID-19 cases and over 212,000 deaths from the disease. ■
A container of the active substance needed to make a COVID-19 vaccine is seen at the Mexico City International Airport in Mexico City, Mexico, Feb. 11, 2021. (Xinhua)