ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ စက်ရုံတစ်ရုံ၌ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများအား ကုသရေးအတွက် အလုံးစုံကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယူနန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အာရှဆင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးစင်တာမှ ဆင်ပေါက်လေး လုန်လုန်၏ အနှစ်သက်ဆုံး ကစားနည်းများအနက်တစ်ခုမှာ ဘောလုံးကစားခြင်းဖြစ်သည်။ ဆင်ပေါက်လေး လုန်လုန် ဘောလုံးကစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဟု ဆိုသည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) သင့်အားယာဉ်ကြောကြပ်တည်းမှုမှ ဖယ်ရှားပေးမည့်ကားတစ်စီး အဖြစ် လူနှစ်ယောက်စီးနင်းနိုင်လိုက်ပါသော “ကားပျံ” ရှေ့ပြေးပုံစံကို ပေကျင်းမြို့တွင် ပြသခဲ့သည်။(Xinhua)
ဆန်းကျန့် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၂၄ ကြိမ်မြောက် တရုတ်နိုင်ငံ Hi-Tech ပြပွဲ(CHTF) သည် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီး တီထွင်ဆန်းသစ်မှုတွန်းအားပေး၍ ဖွံ့ဖြိုးတိုးတက်မှုအား အလေးပေးခဲ့ကြောင်း သိရသည်။
မီးနဂါးအကသည် ရာစုနှစ်တစ်ခုကြာပြီဖြစ်သော ရိုးရာပွဲတစ်ခုဖြစ်ပြီး တတိယမြောက် ဒြပ်မဲ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်စာရင်းစာရင်းတွင် ထည့်သွင်းခဲ့သည်။ တရုတ်နိုင်ငံ ဟောင်ကောင်ရှိ ယနေ့ခေတ် ပြည်သူများသည် ၎င်းတို့၏ ယဉ်ကျေးမှုကို မြှင့်တင်ရန်အတွက် မီးနဂါးအကကို တင်ဆက်ကပြနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/BYG ————————– The fire dragon dance is a...