ခတ္တမန္ဒူ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထိထိရောက်ရောက် မပြဌာန်းပါက နီပေါနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေခြင်းသည် ယခုနှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
လန်ဒန်၊ဧပြီ ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က COVID-19 ပိတ်ဆို့မှု lockdown ဆိုင်ရာ လမ်းပြမြေပုံ၏ ဒုတိယခြေလှမ်း ဖော်ဆောင်သည့်အနေဖြင့် နိုင်ငံအတွင်းက မရှိမဖြစ် လိုအပ်ချက်မဟုတ်သော ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နှင့် စားသောက်ဆိုင်များ နှင့် ပျော်ပွဲစားရုံများကို အခန်းပြင်ပ စားသောက်ခြင်းအဖြစ် ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင်...
မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၌ နောက်ထပ်သက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိရန် ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ ဧပြီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် COVID-19 ဖြစ်ပွားမှု အန္တရာယ် မြင့်မားအဆင့်ဧရိယာ သုံးခုနှင့် အလယ်အလတ်အဆင့်ဧရိယာ သုံးခု ထပ်တိုးထားကြောင်း သိရသည်။
တီဘလီစီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီး Ekaterine Tikaradze က ပြီးခဲ့သော အပတ်အစောပိုင်းတွင် ဂျော်ဂျီယာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး အစွမ်းထိရောက်မှု ရှိကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။