ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဝန်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-7A Y2 သယ်ဆောင်ရေးဒုံးပျံကို မတ် ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
မာလေး၊ မတ် ၁၁ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ သမ္မတ Ibrahim Solih က ဒေသခံများအား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရေးတွင် ပြီးဆုံးသည်အထိ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း ဒေသခံမီဒီယာက မတ် ၁၁ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)အား ဆက်လက်နေရာချထားရန် ကာကွယ်ရေးဝန်ကြီး Lloyd Austinကခွင့်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။
စိန်ရန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်သည် ပြည်ပတံခါးဖွင့်အဓိကပလက်ဖောင်းတစ်ခုဖြစ်ရာ လက်ရှိ လျောင်နင်ပြည်နယ်မှ ထွက်ခွာသည့် တရုတ်-ဥရောပရထားများသည် ဥရောပတိုက် နိုင်ငံပေါင်း (၂၀)ကျော်နှင့် မြို့ပေါင်း(၄၀)ကျော်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။ ကုန်းလမ်းရထားချိတ်ဆက်သယ်ယူပို့ဆောင်မှုသည် ဥရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံသွားလာနိုင်ပြီဖြစ်သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁၀ ရက်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောခဲ့သည်။