Connect with us

WORLD

ပါကစ္စတန်နိုင်ငံတွင် သက်ကြီးရွယ်အိုများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခြင်းစတင်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုစင်တာ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော သက်ကြီးရွယ်အိုတစ်ဦးကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁၀ ရက်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောခဲ့သည်။

သက်ကြီးရွယ်အို အုပ်စုများကို တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံခြင်း ဒုတိယအဆင့်၌ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားကြောင်း Sultan က ဆင်ဟွာသို့ ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုစင်တာ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော သက်ကြီးရွယ်အိုတစ်ဦးကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

 ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုစင်တာ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် စောင့်ဆိုင်းနေသည့် သက်ကြီးရွယ်အိုများကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းသော ကာကွယ်ဆေးများ ရောက်ရှိပြီးနောက် ဖေဖော်ဝါရီလတွင် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးလျက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်က ပါကစ္စတန်နိုင်ငံ ဆေးဝါးကြီးကြပ်မှုအာဏာပိုင်က အသက် ၆၀ နှစ်အထက် ပြည်သူများအတွက် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၅၉၅,၂၃၉ ဦးနှင့် သေဆုံးသူ ၁၃,၃၂၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။ (Xinhua)

————————————-
(English Version)
Pakistan begins inoculating elderly people against COVID-19
Source: Xinhua| 2021-03-11 09:36:19|Editor: huaxia
ISLAMABAD, March 11 (Xinhua) — Pakistan on Wednesday began vaccinating its people aged 60 years and over against COVID-19, according to Special Assistant to the Pakistani Prime Minister on Health Faisal Sultan.
The group of elderly people have been planned to receive the vaccine in the second phase of a nationwide vaccination drive, Sultan told Xinhua.
Pakistan started its COVID-19 vaccination drive in February after the arrival of China-gifted vaccine doses, with the frontline health workers given the priority for inoculation.
Last week, the Drug Regulatory Authority of Pakistan further approved the emergency use of the Sinopharm COVID-19 vaccine for people over 60 years of age.
Pakistan reported 1,786 new confirmed cases of COVID-19 and 43 more deaths in the past 24 hours, bringing its total tally to 595,239 with 13,324 deaths, according to data released by the health ministry on Wednesday. ■
1- A senior citizen receives a dose of COVID-19 vaccine at a vaccination center in northwest Pakistan’s Peshawar, March 10, 2021. (Photo by Saeed Ahmad/Xinhua)
2- A senior citizen receives a dose of COVID-19 vaccine at a vaccination center in southern Pakistani port city of Karachi, March 10, 2021. (Str/Xinhua)
3– Senior citizens wait to receive COVID-19 vaccines at a vaccination center in northwest Pakistan’s Peshawar, March 10, 2021. (Photo by Saeed Ahmad/Xinhua)