နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ မီးရထားလုပ်ငန်းရုံးအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ငါးဦးနှင့် ရဲတစ်ဦးအပါအဝင် လူ ကိုးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
ဒမတ်စ်ကက်စ် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံသမ္မတဘာရှာ အာဆတ် နှင့် ဇနီး အက်စ်မာအယ်လ်အာဆတ်တို့သည် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
နိုင်ရိုဘီ ၊ မတ် ၉ ရက် (ဆင်ဟွာ) အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၈ ရက် ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၆၆,၃၅၅ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၁၀၅,၇၆၇ ဦးရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၃,၅၄၄,၈၇၉...
ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၈)ဦး သေဆုံးရခြင်းမှာ ကာကွယ်ဆေးထိုးနှံမှုကြောင့် မဟုတ်ဟု ကနဦးလေ့လာစစ်ဆေးချက် များတွင် ဖော်ပြခဲ့ကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA) က မတ် ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) COVID-19 ကာကွယ်ဆေးအပြီးအစီးထိုးနှံထားပြီးသူများအနေဖြင့် ဘေးကင်းစိတ်ချမှုရှိစွာ ပြန်လည်စတင်နိုင်မည့် ဆောင်ရွက်မှုများဆိုင်ရာ ပထမဆုံးအကြံပြုချက်များကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က မတ် ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။