ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakulက ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ထိုင်းနိုင်ငံအတွက် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်...
ကိုလံဘို ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ ၂၃ ရက် ၁၀ နာရီအချိန်ထိ ပြီးခဲ့သော ၂၄ နာရီအတွင်း သီရိင်္လာနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၁၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၀,၅၁၇...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် Chang’e-5 အာကာသယာဉ်မှ ပြန်လည်သယ်ဆောင်လာသော လမျက်နှာပြင်နမူနာပစ္စည်းများကို ပြသထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ကြေညာခဲ့သည်။
ကွီတို၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်သုံးခုတွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြိုင်ဘက် ဂိုဏ်းအုပ်စုဝင်များအကြား အပြန်အလှန် ပဋိပက္ခဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၆၇ ဦးသေဆုံးသွားကြောင်း လူငယ်ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဘက်စုံစောင့်ရှောက်ရေးဌာနညွှန်ကြားရေးမှူး Edmundo Moncayo က ကွီတိုမြို့အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။